ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူပြည်သားအပေါင်းတို့ခင်ဗျား
ယမန်နှစ် မတ်လ ( ၁၁ ) ရက်နေ့တွင်ကျွန်တော်တို့နိုင်ငံ၏ အရှေ့မြောက်ပိုင်းအရပ်၌ ဖြစ်ပွားခဲ့သော ဂျပန်အရှေ့ ပိုင်းငလျင်ဒဏ်မှ တစ်နှစ်ပြည့်မြောက်တော့မည်ဖြစ်ပါသည်။ ဤကဲ့သို့အချိန်အခါတွင် ထပ်လောင်း၍ ကျွန်တော်တို့ နိုင်ငံ၏ ခက်ခဲကြမ်းတမ်းမှုများ ပြားခဲ့သောရက်များတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရနှင့် မြန်မာပြည်သူများ ထံမှရရှိသော များပြားသည့်ထောက်ပံ့ကူညီမှုများနှင့်ပတ်သက်၍ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ရှိပါကြောင်း ပြော ကြားလိုပါသည်။
မြန်မာနိုင်ငံမှအစပြု၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ နွေးထွေးသောထောက်ပံ့ကူညီမှုများကိုရယူပြီး ဂျပန်နိုင်ငံသည် ပြန်လည်ထူထောင်ရေးနှင့် အသစ်တစ်ဖန် ပြန်လည်နိုးထလာစေရန်ရှေးရှူ၍ အားသွန်ခွန်စိုက် လျှောက်လှမ်းလျက် ရှိပါသည်။ ဘေးဒုက္ခခံခဲ့ရသောဒေသ၏ အခြေခံအဆောက်အဦးနှင့် စီပွားရေးမှာ အသေအချာ ပြန်လည်ထူထောင် လာနေပြီး မြိုတော်နယ်နိမိတ်အပါအဝင် အခြားဒေသအသီးသီး၌လည်း ငလျင်ဒဏ်မခံရမှီ နေ့စဉ်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပါပြီ။ Supply Chainကဏ္ဍမှာလည်း သေချာစွာပြန်လည်ရရှိနေပြီး ဂျပန်နိုင်ငံနှင့် သက်ဆိုင်သော စီပွားရေး၊ ပညာသင်၊ ခရီးသွားလုပ်ငန်းများ၌ ကြီးမားသောအတားအဆီးများမရှိတော့ကြောင်းကို ဤအချိန်တွင် ထပ်လောင်း၍ အလေးထားပြောကြားလိုပါသည်။
ကျွန်တော်တို့နိုင်ငံသည် ဂျပန်အရှေ့ပိုင်းငလျင်ဒဏ်ဟုခေါ်ဆိုသော ကြီးမားသောဆင်းရဲဒုက္ခကိုတွေ့ကြုံခံ စားခဲ့ရသော်လည်း တစ်ချိန်ထဲမှာပင်ထိုအဖြစ်အပျက်သည် ဂျပန်လူမျိုး၊ ဂျပန်အသိုင်းအဝိုင်း၏ ကြံ့ကြံ့ခံနိုင်မှု (resilience)၊ နိုင်ငံတကာအသိုင်းအဝန်းနှင့် ဆက်နွယ်သော“ချစ်ခင်ရင်းနှီးမှုသံယောဇဉ်”၏ အရေးပါမှုကို သိနား လည်ခွင့်ရသော အခွင့်အရေးတစ်ခုလည်းဖြစ်ခဲ့ပါသည်။
ခက်ခဲသောလမ်းသို့ ကူးပြောင်းသော်လည်း အခွင့်အရေးကောင်းတစ်ခုအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ လက်ခံရရှိခဲ့သော နွေးထွေးသည့် ထောက်ပံ့ကူညီခဲ့မှုများအပေါ် ပြန်လည်ကျေးဇူးဆပ်ရန်နှင့် ကမ္ကာကြီးအတွင်း၌ Inclusive ဖြစ်သောကြီးထွားမှုမှတစ်ဆင့် လူသားများ၏လုံခြုံရေးကို အကောင်အထည်ဖေါ်နိုင်ရန်အတွက် ODA အစ ရှိသည်များမှာတစ်ဆင့် နိုင်ငံတကာအထောက်အပံ့များအား အားသွန်ခွန်စိုက် ဆက်လက်လုပ်ဆောင်သွားပါမည်။ ထို့အပြင်၊ အစိမ်းရောင်စီးပွားရေးသို့ပြောင်းလဲခြင်း၊ ဘေးအန္တရာယ်ကာကွယ်ရေး၊ အဆင့်မြင့်စီးပွားရေးပူးပေါင်းဆောင် ရွက်မှုအစရှိသည့် ကျွန်တော်တို့နိုင်ငံ၏ အသစ်တစ်ဖန်ပြန်လည်နိုးထခြင်းသို့ ရှေးရှူသည့် အထွေထွေသောအကြောင်း အရာများသို့ တိုင်းပြည်ကိုဝင်ရောက်ဖြေရှင်းစေပြီး “ပြသနာအခက်အခဲများကိုဖြေရှင်းရာ၌ ရှေ့ဆုံးမှဦးဆောင်နေ သော” အနေအထားဖြင့် အသစ်အသစ်သောနမူနာများကို ဖော်ပြရင်း နိုင်ငံတကာအသိုင်းအဝိုင်းအား အထောက် အကူပြုပေးသွားနိုင်မည်ဟု ယုံကြည်ထားပါသည်။
၂၀၁၂ခုနှစ်၊မတ်လ ၁၁ ရက်နေ့
ဆိုက်တို တကရှိ (မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး)