ဂျပန် - မြန်မာ ဆက်ဆံရေး ( အခြေခံ အချက်အလက် )
အခြေခံ အချက်အလက်များ
အခြေခံ အချက်အလက်များ
သံတမန်ဆက်ဆံရေး
၁၉၅၄ ဒီဇင်ဘာလ တွင် စတင်တည်ထောင်ခဲ့သည်။
နေထိုင်သူဦးရေ
မြန်မာနိုင်ငံတွင်နေထိုင်လျှက်ရှိသော ဂျပန်လူမျိုး - လူဦးရေ ၁၃၆၇ ( ၂၀၁၄ ဒီဇင်ဘာလ )
ဂျပန်နိုင်ငံတွင်နေထိုင်လျှက်ရှိသော မြန်မာလူမျိုး - လူဦးရေ ၉၂၃၁ ( ၂၀၁၄ ဇွန်လ )
ဂျပန်နိုင်ငံနှင့်ကုန်သွယ်မှုများ ( ၂၀၁၂ ဘဏ္ဍာရေးနှစ် )
ပြည်ပသို့ တင်ပို့ ခြင်း - အမေရိကန်ဒေါ်လာ ၄၀၆မီလီယံ (အ၀တ်အထည်၊ပင်လယ်ထွက်ကုန်၊ဖိနပ်)
ပြည်တွင်းသို့ တင်သွင်းခြင်း - အမေရိကန်ဒေါ်လာ ၁ဘီလီယံ (ကားနှင့်စက်ပစ္စည်း)
ဂျပန်မှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ
၁၉၈၈ခုနှစ်မှ ၂၀၁၃ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၇၀မီလီယံ
ဂျပန်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ပူးပေါင်းမှုများ
ယူနစ် - ယန်းသန်း၁၀၀
ဘဏ္ဍာရေးနှစ် | ချေးငွေ | ထောက်ပံ့မှု | နည်းပညာပူပေါင်းဆောင်ရွက်မှု |
၂၀၁၁ | - | ၄၆.၄၄ | ၁၇.၄၅ |
၂၀၁၂ | ၁၉၈၉.၀၀ | ၂၇၇.၃၀ | ၃၇.၉၉ |
၂၀၁၃ | ၅၁၀.၅၂ | ၁၉၆.၈၆ | ၆၁.၅၉ |
ခရီးစဉ်များ
ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လည်ပတ်ခြင်း ( ၂၀၀၀ ခုနှစ်မှ စတင်၍ )
ခုနှစ် | အမည် |
၂၀၀၂ အောက်တိုဘာလ | နိုင်ငံခြားရေးဝန်ကြီး Yoriko Kawaguchi |
၂၀၀၃ ဇွန်လ | နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း ဒုတိယ၀န်ကြီး Tetsuro Yano |
၂၀၀၈ မေလ | နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း ဒုတိယ၀န်ကြီး Hitoshi Kimura |
၂၀၁၁ ဒီဇင်ဘာလ | နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba |
၂၀၁၃ ဇန်န၀ါရီလ | ဒုတိယ ၀န်ကြီးချုပ် ၊ ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီး Taro Aso |
၂၀၁၃ မေလ | ၀န်ကြီးချုပ် Shinzo Abe |
၂၀၁၄ မတ်လ | နိုင်ငံခြားရေးဝန်ကြီး Fumio Kishida |
၂၀၁၄ သြဂုတ်လ | နိုင်ငံခြားရေးဝန်ကြီး Fumio Kishida |
၂၀၁၄ နိုဝင်ဘာလ | ၀န်ကြီးချုပ် Shinzo Abe |
၂၀၁၅ စက်တင်ဘာလ | ဒုတိယ ၀န်ကြီးချုပ် ၊ ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီး Taro Aso |
မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ လည်ပတ်ခြင်း ( ၂၀၀၀ ခုနှစ်မှ စတင်၍ )
ခုနှစ် | အမည် |
၂၀၀၀ ဇွန်လ | နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့  အတွင်းရေးမှူး (၁) ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်  |
၂၀၀၃ ဒီဇင်ဘာလ | ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်  |
၂၀၀၃ ဒီဇင်ဘာလ | နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် |
၂၀၀၅ မေလ | နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း |
၂၀၀၈ ဇန်န၀ါရီလ | နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း |
၂၀၀၉ နိုဝင်ဘာလ | ၀န်ကြီးချုပ် ဦးသိန်းစိန် |
၂၀၁၀ ဇန်န၀ါရီလ | နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း |
၂၀၁၁ အောက်တိုဘာလ | နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် |
၂၀၁၂ ဧပြီလ | နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် |
၂၀၁၂ မေလ | အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် |
၂၀၁၂ ဇူလိုင်လ | နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် |
၂၀၁၃ နိုဝင်ဘာလ | ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း |
၂၀၁၅ ဇူလိုင်လ | နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် |
၂၀၁၆ ဇန်နဝါရီ | နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် |
ယဉ်ကျေးမှု ဖလှယ်ခြင်း
၂၀၁၂ ခုနှစ်တွင် ဂျပန်နိုင်ငံအစိုးရ မှ Japan Foundation နှင့် ပူးပေါင်းပြီး National Graduate Institute for Policy Studies (GRIPS) ၏ ဥက္ကဌ Dr.Takashi Shiraishi ဦးဆောင်သော နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သော ပညာရှင်များပါဝင်သည့် ယဉ်ကျေးမှု ဖလှယ်ခြင်းဆိုင်ရာ အဖွဲ့ တစ်ဖွဲ့ ကို စေလွှတ်ခဲ့သည်။
အဖွဲ့ ၏ ရည်မှန်းချက်မှာ ဂျပန် ၊ မြန်မာ နှစ်နိုင်ငံကြားတွင် ယဉ်ကျေးမှုဖလှယ်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းခြင်း တို့ နှင့် စပ်လျဉ်းပြီး တိုးချဲ့ ခြင်း၊ အဆင့်မြှင့်တင်ခြင်း ဆိုင်ရာ အနာဂတ်ပေါ်လစီ များကို အစိုးရဆိုင်ရာ အရာရှိများ၊ ပညာရှင်များနှင့် ဆွေးနွေးရန်ဖြစ်သည်။ ဆွေးနွေးမှု မှရရှိလာသော ရလဒ်များကို ဂျပန်အစိုးရသို့ ပေါ်လစီ အကြံပြုချက်အနေနှင့် တင်ပြသွားခဲ့သည်။
၂၀၁၄ ခုနှစ်ကို ဂျပန် - မြန်မာ သံတမန် ဆက်ဆံရေးနှစ် ၆၀ ပြည့်နှစ်အဖြစ် သတ်မှတ်ပြီး၊ အမျိုးမျိုးသော အထိမ်းအမှတ်ပွဲများကို နှစ်နိုင်ငံတွင် ကျင်းပခဲ့ကြသည်။