
၂၀၁၄ ခုနှစ် ဂျပန်နိုင်ငံအစိုးရ၏ ပညာတော်သင်ဆုစာမေးပွဲ
၂၀၁၄ ခုနှစ် ဂျပန်နိုင်ငံအစိုးရ၏ ပညာတော်သင်ဆုရွေးချယ်ပွဲစာမေးပွဲကိုမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် ၂၀၁၃ ခုနှစ် ဇွန်လ (၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဘွဲ့ကြိုတက္ကသိုလ်၊ နည်းပညာကောလိပ်နှင့် အထူးပြုသင်တန်းကောလိပ်ကျောင်းများ၌ ပညာသင်ယူရန် စိတ်ဝင်စားသော မြန်မာကျောင်းသား/သူ ၃၆ ဦး စာမေးပွဲဝင်ရောက် ဖြေဆိုခဲ့ပါသည်။ အဆိုပါ ၃၆ ဦးသည် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှ အဆိုပြုရွေးချယ်ထားသော လူငယ်များဖြစ်ပါသည်။ စာမေးပွဲဖြေဆိုသူများအနက် ၅ ဦးသည် ရေးဖြေစာမေးပွဲအောင်မြင်ခဲ့ပြီး လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ဖြစ်ပါသည်။
မြန်မာနိုင်ငံဆိုရာ ဂျပန်သံရုံးသည် နှစ်စဉ် ဂျပန်နိုင်ငံအစိုးရ၏ ပညာတော်သင်ဆုအစီအစဉ်ဖြင့် ဂျပန်နိုင်ငံတွင် ပညာသင်ကြားနိုင်ရန် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များကို ခေါ်ယူရွေးချယ်လျက်ရှိပါသည်။ ဂျပန်နိုင်ငံအစိုးရ၏ ပညာသင်ဆုစနစ်နှင့် ပတ်သက်၍ အောက်ဖော်ပြပါ အင်တာနက်စာမျက်နှာများတွင် ကြည့်ရှုလေ့လာနိုင်ပါသည်။
http://www.mext.go.jp/a_menu/koutou/ryugaku/boshu/1333465.htmhttp://www.studyjapan.go.jp/en/toj/toj0302e.html
ရေးဖြေစာမေးပွဲ ဘာသာရပ်များ | |
【ဘွဲ့ကြိုတက္ကသိုလ်သင်တန်း】
|
|
【နည်းပညာကောလိပ်】
|
|
【အထူးပြုသင်တန်းကောလိပ်】
|