
၂၀၁၃ ခုနှစ် ၄ ကြိမ်မြောက် ဂျပန်သီချင်းဆိုပြိုင်ပွဲကျင်းပပြီးစီး(၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်)
စက်တင်ဘာလ ၁၄ ရက်နေ့၊ Strand ဟိုတယ်တွင် ဂျပန်သံရုံးက ကြီးမှူးပြီး၊ ဂျပန်ကုန်သည်ကြီးများ အသင်း (ရန်ကုန်) ၏ ပူးပေါင်းကူညီမှုဖြင့် ၄ ကြိမ်မြောက်ဂျပန်သီချင်းဆိုပြိုင်ပွဲကိုကျင်းပခဲ့ပါသည်။
အဆိုပါပွဲသို့ ပရိတ်သတ် ၃၅၀ ကျော် တက်ရောက်အားပေးခဲ့ပါသည်။
ပြိုင်ပွဲဝင်စုစုပေါင်း ၃၉ ဦးအနက်မှ ပထမအဆင့်ဆန်ကာတင်အဖြစ် ရွေးချယ်ခံရသော ၁၄ ဦးမှ မြန်မာနိုင်ငံ၏ နာမည်ကြီးတေးဂီတဝိုင်း Lazy Club ၏ တီးခတ်မှုနှင့်အတူ ပြိုင်ပွဲဝင် သီဆိုခဲ့ကြပါသည်။
ပြိုင်ပွဲဝင်များမှ မိမိတို့ စိတ်တိုင်းကျရွေးချယ်ထားသော သီချင်းဖြင့် သီဆိုယှဉ်ပြိုင်ခြင်းဖြစ်ပြီး၊ လွမ်းမောသတိရဖွယ် သီချင်းများမှ စပြီး ယနေ့ခေတ်နောက်ဆုံးပေါ် POP သီချင်းများ အထိ အမျိုးစားစုံလင်လှသော
သီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြပါသည်။ Itsuwa Mayumi ၏ Kokoronotomo သီချင်းဖြင့် သီဆိုယှဉ်ပြိုင်ခဲ့သော မဟန်နီချိုက အဘိုးထံမှ အမေသို့၊ တဖန် အမေ့ထံမသူမ အထိ အဆိုပါသီချင်းကို
သီဆိုခဲ့ကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂျပန်စာသင်ကျောင်းမှ ဆရာ၏ အကြံပြုချက်ဖြင့် ရွေးချယ်ထားသော သီချင်းကို သီဆိုခဲ့သော ပြိုင်ပွဲဝင်လည်း ရှိခဲ့ပါသည်။
ပြိုင်ပွဲဝင် ၁၄ ဦး သီဆိုယှဉ်ပြိုင်ပြီးနောက် ဧည့်သည်တော် ဒိုင်အဖြစ် ဆောင်ရွက်ပေးသော မြန်မာနိုင်ငံမှ နိုင်ငံကျော်တေးသံရှင် ကိုဖိုးကာမှ သီဆိုဖျော်ဖြေခဲ့ပါသည်။ နာမည်ကျော်တေးသံရှင် ၏ဖျော်ဖြေမှုနှင့် ကောင်းမွန်လှသော တင်ဆက်မှုများကြောင့် ဧည့်ပရိတ်သတ်များ မှာ လည်း တက်ကြွစွာ အားပေးခဲ့ကြပါသည်။
အကဲဖြစ်ဒိုင် ၄ ဦး၏ တိကျသေချာသော ဆုံးဖြတ်ချက်များဖြင့် ပထမဆု၊ ဒုတိယဆု နှင့် ဒိုင်များရွေးချယ်သော အထူးဆုကို ရွေးချယ်ကြေညာနိုင်ခဲ့ပါသည်။ ရွေးချယ်ရ ခက်ခဲသော ပြိုင်ပွဲဖြစ်ခဲ့ပြီး
Nishino Kana ရဲ့ “Best Friend” နဲ့ သီဆိုယှဉ်ပြိုင်ခဲ့တဲ့ Jewel က ပထမဆုကို ဆွတ်ခူးသွားပါသည်။ Jewel က ဂျပန်မိန်းကလေးကျောင်းက ကျောင်းဝတ်စုံပုံစံ ဝတ်စုံကိုဝတ်ဆင်ထားခဲ့ပြီး၊
သီဆိုမှုပုံစံနှင့် အသံမှာလည်း professional ပုံစံပင်ဖြစ်ပါသည်။
ဆုရရှိသူများနှင့် ဆရရှိသူတို့ သီဆိုယှဉ်ပြိုင်ခဲ့သော စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဆုအမျိုးအစား | ဆုရရှိသူအမည် | တေးသီချင်း |
ပထမဆု | Jewel | Nishino Kana “Best Friend” |
ဒုတိယဆု | နန်းဆုနန္ဒာအောင် | Sakamoto Fuyumi “Matakimini koi shiteru” |
ဒိုင်များရွေးချယ်သောအထူးဆု | ခင်မြတ်ဇင် | Kiroro “Miraie” |
ဆုလက်မှတ်နှင့် ဆုတံဆိပ်ကို သံမှူးကြီး Mr. Yamamoto မှ ပေးအပ်ခဲ့ပြီး၊ ဆုလက်ဆောင်ကို JCCY ဂျပန်ကုန်သည်ကြီးများအသင်း (ရန်ကုန်) ဥက္ကဌ Mr. Mega မှ ပေးအပ်ခဲ့ပါသည်။ ဆုလက်ဆောင်မှာ ပထမ ဆုအတွက်
TOSHIBA ၂၄ လက်မ LCD တီဗီ၊ ဒုတိယဆုအတွက် SONY EVD Player တို့ ဖြစ်ပါသည်။ ဒိုင်များရွေးချယ်သော အကောင်းဆုံးဆုအတွက် ကိုဖိုးကာ မှ ပေးအပ်ခဲ့ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေဖြင့် ဂျပန်ယဉ်ကျေးမှုများမှတစ်ဆင့် ဂျပန်ကို ကြိုက်နှစ်သက်သူ များ တိုးပွားလာစေသော ပွဲတော်များကို ကျင်းပနိုင်ရန် စီစဉ်လျက်ရှိပါသည်။