
ဂျပန်-မြန်မာ သံတမန် ဆက်ဆံရေးနှစ်(၆၀)ပြည့် အထိမ်းအမှတ်
ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၄
ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၄
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ၂၀၁၄ခုနှစ် ဂျပန်ရုပ်ရှင်ပွဲတော်ကြီးကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် ၂၀၁၄ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ တင်ဆက်ပြသသွားမည် ဖြစ်ပါသည်။ အင်္ဂလိပ်စာတန်းထိုး ဂျပန်ရုပ်ရှင်ကား (၂)ကားနှင့် မြန်မာစာတန်းထိုး ဂျပန်ရုပ်ရှင် ကာတွန်းကား(၂)ကားကို ပြသသွားမည့်အပြင် ဂျပန်-မြန်မာ ချစ်ကြည်ရေး ဇာတ်ကား ဖြစ်သော သွေး ရုပ်ရှင်ကိုပါ အထူးအစီအစဉ်အဖြစ် တောင်ကြီးမြို့တွင်ပြသသွားပါမည်။
*** ဝင်ကြေးအခမဲ့ ***
“ Happy Flight ”
(1) (ပျော်ရွှင်စရာ လေယာဉ်ခရီးစဉ်)
![]() |
ဇာတ်လမ်း၏ အဓိကဇာတ်ခုံဖြစ်လာမည့်နေရာသည် ဂျပန်နိုင်ငံမှ HONOLULU သို့ ဦးတည်ပျံသန်းနေသော (ခရီးစဉ်နံပတ်1980) လေယာဉ်ကြီးအတွင်းတွင်ဖြစ်သည်။ တွဲဖက်လေယာဉ်မှူး KAZUHIRO SUZUKI (SEIICHI TANABE) အတွက် ဤခရီးစဉ်သည် လေယာဉ်မှူးရာထူး တိုးမြှင့်ခံရရန် နောက်ဆုံးစာမေးပွဲဖြစ်ပြီး လူသစ် လေယာဉ်ဝန်ထမ်း ETSUKO SAITO ( HARUKA AYASE) အတွက်လည်း နိုင်ငံတကာ လေကြောင်းလိုင်း ပွဲဦးထွက်အထိမ်းအမှတ် ခရီးစဉ်တစ်ခုဖြစ်သည်။ သို့သော် မြေပြင်မှ ထွက်ခွာပြီးနောက် ငှက်နှင့် တိုက်မိရာမှ လေယာဉ်ပြဿနာပေါ်သောကြောင့် ဂျပန်နိုင်ငံသို့ မလွဲ မရှောင်သာ ပြန်လှည့်လာရသည်။ SUZUKI တို့ကို အသင့်စောင့်ဆိုင်းနေသော နောက်ဆုံး အဟန့်အတား မှာ မုန်တိုင်း ကျခါနီးအချိန်တွင် မြေပြင်သို့ဆင်းသက်ခဲ့ရသည့် ခက်ခဲသောကိစ္စပင် ဖြစ်သည်။ ဤအခက်အခဲ ကိုလည်း မြေပြင်မှညွှန်ကြားချက်ထုတ်ပေးသော ပျံသန်းမှုထိန်းချုပ်ရေး စင်တာ (Operation Control Center) ၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်။ ငယ်ရွယ်သော လေယာဉ်အမှုထမ်းလေးအတွက် ခါးသီးသော်လည်း တိုးတက်စေမည့် အတွေ့အကြုံကောင်း များရရှိစေခဲ့သော ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါသည်။ |
©2008 FUJITELEVISION / ALTAMIRA PICTURES / TOHO / DENTSU
|
HANAMIZUKI~May your love bloom for a hundred years~
(2) HANAMIZUKI ~မင်းနဲ့မင်းရဲ့ချစ်သူ နောင်နှစ်ပေါင်း ၁၀၀တိုင် လက်တွဲသွား နိုင်ပါစေ
![]() |
၂၀၀၄ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ (HITOTOYO) ၏ လူကြိုက်များခဲ့သည့် သီချင်းကို အခြေခံပြီး အမျိုးမျိုး လွဲချော်နေခဲ့သည့် စစ်မှန်သောအချစ် drama ဇာတ်လမ်း အဖြစ် ဖန်တီးရိုက်ကူးထားပါသည်။ မောင်တစ်ရွာမယ်တစ်မြို့ခွဲခွာနေရသည့် အချစ်ရေးကို ရွေးချယ်ခဲ့တဲ့ချစ်သူနှစ်ဦး၏ ၁၀နှစ်တာ ချစ်ခရီးကို စိတ်လှုပ်ရှားဖွယ်ရာ ဖွဲ့နွဲ့ဇာတ်လမ်းဆင် ထားပါသည်။ ဒါရိုက်တာမှာ လူကြိုက်များခဲ့သည့် သီချင်း (NADASOSO) ကိုလည်း အချစ်ဇာတ်လမ်းအဖြစ် ဖန်တီး တင်ဆက်ခဲ့သည့် ဒါရိုက်တာ NOBUHIRO DOI ဖြစ်သည်။ ဖခင်ဆုံးပါးသွားပြီး HOKKAIDO မှာ ဘဝကိုအမေနှင့်အတူ ဖြတ်သန်းနေသည့် အထက်တန်းကျောင်းသူလေး SAE (YUI ARAGAKI) သည် တံငါရေလုပ်သား ဖြစ်ချင်သည့် KOHEI (TOMA IKUTA) နှင့်ချစ်ကြိုးသွယ်မိလေသည်။ မကြာမီ SAE သည် တက္ကသိုလ် ဆက်တက်ရန် တိုကျိုမြို့သို့ သွားရောက်ခဲ့သည်။ ဝေးကွာသွားပေမယ့်လည်း အချစ်စိတ်များ ပြောင်းလဲသွားမည်မဟုတ်ဟု ယုံကြည်ထားခဲ့ကြသော ချစ်သူနှစ်ဦးကြားတွင် သဘောထား ကွဲလွဲမှုလေးများ စတင်ဖြစ်ပေါ်လာပါတော့သည်။ |
©2010 “HANAMIZUKI” Production Committee
|
The Place Promised In Our Early Days
(3) “ မိုးတိမ်များ၏ဟိုးတစ်ဘက် ၊ ချိန်းဆိုထားသောဤနေရာ”
![]() |
ဂျပန်နိုင်ငံ တောင်မြောက်ကွဲသွားခဲ့သော စစ်ပြီးခေတ်နောက် ကမ္ဘာတစ်ခု။ အမေရိကန် စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင်ရှိသော AOMORI ခရိုင်မှ လူငယ်လေး HIROKI FUJISAWA (HIROKI)နှင့် TAKUYA SHIRAKAWA (TAKUYA) တို့သည် အတန်းတူ ကောင်မလေး SAYURI SAWATA (SAYURI) ကို ချစ်ကြိုက်ခဲ့ကြသည်။ သူတို့နှစ်ဦးစလုံး နှစ်သက်မြတ်နိုးပြီး အာရုံစိုက် နေကြသည်မှာ SAYURI လေးအပြင် နောက်တစ်ခု ရှိပါသေးသည်။ ထိုအရာသည် TSUGARU ရေလက်ကြားနယ်နိမိတ်၏ ဟိုးတစ်ဘက်တွင် ငွားငွားစွင့်စွင့် တည်ရှိနေသည့် ပဟေဠိဆန်သော မျှော်စင်ကြီးပင်ဖြစ်သည်။ တစ်ချိန်ချိန်တွင် ထိုမျှော်စင်ကြီးဆီသို့ ကိုယ်ပိုင်အစွမ်းအစဖြင့် ရောက်အောင် ပျံသန်းမည်ဟုဆိုကာ လေယာဉ်ပျံအသေး စားလေးကို တည်ဆောက်နေသော လူငယ်လေးနှစ်ဦး။ သို့သော် အလယ်တန်းတတိယနှစ် နွေရာသီတွင် SAYURI လေးသည် တိုကျိုမြို့သို့ ရုတ်တရက် ကျောင်းပြောင်း သွားခဲ့ရသည်။ ထို့နောက် HIROKI နှင့် TAKUYA တို့သည်လည်း မိမိတို့၏ဘဝခရီးလမ်းများကို အသီးသီး စတင်လျှောက်လှမ်းခဲ့ကြပါတော့သည်။ ၃နှစ်ကြာပြီး ၎င်းနွေရာသီမှစတင်၍ အကြောင်းရင်း မသိသောရောဂါဖြင့် SAYURI လေးမှာ တောက်လျှောက် အိပ်ပျော်နေသည်ဟု HIROKI ရုတ်တရက်သိလိုက်ရသည်။ အစဉ်အိပ်ပျော်နေသည့်ရောဂါမှ SAYURI လေးကို ကယ်တင်ရန်စိတ်ပိုင်းဖြတ်ပြီး TAKUYA အားလည်း ကူညီရန်တောင်းဆိုခဲ့သူကတော့ HIROKI ပင်ဖြစ်သည်။ ထို့နောက် SAYURI လေး၏ ရောဂါပျောက်ကင်းပြီး ပြန်လည်နိုးထလာစေရန် ကြိုးပမ်းခဲ့သော လူငယ်လေး နှစ်ဦးသည် မျှော်စင်နှင့် ဤကမ္ဘာလောက၏ လျှို့ဝှက်ချက်များကိုတွေ့ရှိရန် နီးကပ်လာတော့သည်။ တစ်ချိန်တုန်းက ကျောင်းဆင်းချိန်မှာဆုံကြဖို့ သူတို့ အပြန်အလှန်ကတိပြုထားသော နေရာလေးတွင် သူတို့သည် အမှန်တကယ်ပဲပြန်ဆုံနိုင်ကြပါ့မလား…. |
©Makoto Shinkai/CoMix Wave Films
|
The Garden of Words
(4) “စကားပန်းခြံ” (နှစ်ဦးတွေ့ဆုံစကားပြောခဲ့ကြသောပန်းခြံ)
![]() |
ဖိနပ်လက်မှုပညာရှင် ဖြစ်ရန်ရည်မှန်းထားသော အထက်တန်းကျောင်းသား TAKAO သည် မိုးရွာသောမနက်တိုင်းကျောင်းပြေးပြီး ဂျပန်ရိုးရာ ပန်းခြံတွင် ဖိနပ်ပုံကြမ်းများ ကိုရေးဆွဲနေခဲ့သည်။ တစ်နေ့တွင် TAKAO သည် တစ်ယောက်တည်း ဘီယာသောက်နေသည့် မိမိထက် အသက်ကြီးသော YUKINO ဆိုသည့် ပဟေဠိဆန်သော အမျိုးသမီးနှင့်တွေ့ဆုံခဲ့ပါသည်။ သူတို့နှစ်ဦးသည် ချိန်းဆိုမထားဘဲ မိုးရွာသောနေ့များတွင် အကြိမ်ကြိမ် ဆုံမိကြပြီး တစ်ဖြည်းဖြည်း တစ်ဦးကိုတစ်ဦး ပိုမိုနားလည်လာကြပါတော့သည်။ နွေးထွေးမှုပေးနိုင်သောနေရာ ပျောက်ဆုံးနေသော YUKINO အတွက် ဘဝခရီးလမ်း ဆက်လက် လျှောက်လှမ်းလိုစိတ်များ ဖြစ်ပေါ်လာစေမည့် ဖိနပ်မျိုးကို ပြုလုပ်ပေးချင်သည့်ဆန္ဒများပြင်းပြနေသူမှာ TAKAO ပင်ဖြစ်သည်။ ဇွန်လ၏မိုးကောင်းကင်ကြီးကဲ့သို့ မပြတ်မသားဖြစ်နေသော သူတို့နှစ်ဦး၏ စိတ်ခံစားချက်များကို အရေးမစိုက်ဘဲ စိုထိုင်းထိုင်း နွေဦးမိုးကလည်း မိုးရာသီ ကုန်ဆုံးရန် ကြိုးစားနေပါတော့သည်။ |
©Makoto Shinkai/CoMix Wave Films
|
ရုပ်ရှင်ပြသမည့်အစီအစဉ်
၁။ တောင်ကြီးမြို့
နေရာ။ ၊၊ ဗန္ဓုလ ရုပ်ရှင်ရုံ (မြတ်လင်းလမ်း၊ လမ်းမတော်ရပ်၊ တောင်ကြီးမြို့၊ ဖုန်း- ၀၈၁ ၂၁၂၁၁၂၃)
နေ့ရက် | အချိန် | ဇာတ်ကားအမည် |
အောက်တိုဘာလ ၃၀ရက်(ကြာသပတေးနေ့) | ၁၆:၃၀ | “ Thway ” သွေး |
အောက်တိုဘာလ ၃၁ရက်(သောကြာနေ့) | ၁၇:၃၀ | “ Happy Flight ” (ပျော်ရွှင်စရာ လေယာဉ်ခရီးစဉ်) |
နိုဝင်ဘာလ ၁ရက်(စနေနေ့) | ၁၇:၃၀ | (1)The Place Promised In Our Early Days
“ မိုးတိမ်များ၏ဟိုးတစ်ဘက် ၊ ချိန်းဆိုထားသောဤနေရာ”
(2)The Garden of Words “စကားပန်းခြံ” (နှစ်ဦးတွေ့ဆုံစကားပြောခဲ့ကြသောပန်းခြံ) |
နိုဝင်ဘာလ ၂ရက်(တနင်္ဂနွေနေ့) | ၁၇:၃၀ | HANAMIZUKI~May your love bloom for a hundred years~ HANAMIZUKI ~မင်းနဲ့မင်းရဲ့ချစ်သူ နောင်နှစ်ပေါင်း ၁၀၀တိုင် လက်တွဲသွား နိုင်ပါစေ |
၂။ ရန်ကုန်မြို့
နေရာ။ ၊၊ နေပြည်တော် ရုပ်ရှင်ရုံ (ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်း- ၀၁ ၂၅၂၁၁၆)
နေ့ရက် | အချိန် | ဇာတ်ကားအမည် |
နိုဝင်ဘာလ ၂၁ရက်(သောကြာနေ့) | ၁၈:၃၀ | “ Happy Flight ” (ပျော်ရွှင်စရာ လေယာဉ်ခရီးစဉ်) |
နိုဝင်ဘာလ ၂၂ရက်(စနေနေ့) | ၁၈:၃၀ | (1)The Place Promised In Our Early Days
“ မိုးတိမ်များ၏ဟိုးတစ်ဘက် ၊ ချိန်းဆိုထားသောဤနေရာ”
(2)The Garden of Words “စကားပန်းခြံ” (နှစ်ဦးတွေ့ဆုံစကားပြောခဲ့ကြသောပန်းခြံ) |
နိုဝင်ဘာလ ၂၃ရက်(တနင်္ဂနွေနေ့) | ၁၈:၃၀ | HANAMIZUKI~May your love bloom for a hundred years~ HANAMIZUKI ~မင်းနဲ့မင်းရဲ့ချစ်သူ နောင်နှစ်ပေါင်း ၁၀၀တိုင် လက်တွဲသွား နိုင်ပါစေ |
၃။ မန္တလေးမြို့
နေရာ။ ၊၊ ဝင်းလိုက် ရုပ်ရှင်ရုံ (၈၄လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းအကြား၊ ချမ်းအေးသာဇံမြို့နယ်၊ ဖုန်း-၀၂ ၃၅၂၂၉)
နေ့ရက် | အချိန် | ဇာတ်ကားအမည် |
ဒီဇင်ဘာလ ၁၉ရက်(သောကြာနေ့) | ၁၈:၃၀ | “ Happy Flight ” (ပျော်ရွှင်စရာ လေယာဉ်ခရီးစဉ်) |
ဒီဇင်ဘာလ ၂၀ရက်(စနေနေ့) | ၁၈:၃၀ | (1)The Place Promised In Our Early Days
“ မိုးတိမ်များ၏ဟိုးတစ်ဘက် ၊ ချိန်းဆိုထားသောဤနေရာ”
(2)The Garden of Words “စကားပန်းခြံ” (နှစ်ဦးတွေ့ဆုံစကားပြောခဲ့ကြသောပန်းခြံ) |
ဒီဇင်ဘာလ ၂၁ရက်(တနင်္ဂနွေနေ့) | ၁၈:၃၀ | HANAMIZUKI~May your love bloom for a hundred years~ HANAMIZUKI ~မင်းနဲ့မင်းရဲ့ချစ်သူ နောင်နှစ်ပေါင်း ၁၀၀တိုင် လက်တွဲသွား နိုင်ပါစေ |
စုံစမ်းရန်
ပြန်ကြာရေးနှင့် ယဉ်ကျေးမှုဌာန
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
၁၀၀၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်
ဖုန်း ၀၁ ၅၄၉၆၄၄ ~ ၈