
ပထမအကြိမ် မြန်မာနိုင်ငံ ဂျပန်စကားပြော ပြဇာတ်ပြိုင်ပွဲ
ပါဝင်ယှဉ်ပြိုင်မည့်ကျောင်းများဖိတ်ခေါ်ခြင်း
ပါဝင်ယှဉ်ပြိုင်မည့်ကျောင်းများဖိတ်ခေါ်ခြင်း
၃၀ရက် ဇူလိုင်လ ၂၀၁၄ခုနှစ်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
ဂျပန်-မြန်မာသံတမန်ဆံဆက်ရေးတည်ထောင်ခြင်း နှစ်၆၀ပြည့်မြောက်သည့် ယခုနှစ်၌် ဂျပန်သံရုံးက မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်မည့် မြန်မာကျောင်းသားများ၏ ဂျပန်စကားပြော ပြဇာတ်ပြိုင်ပွဲကို ကျင်းပပါမည်။ မပျက်မကွက် ပါဝင်ယှဉ်ပြိုင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
*ဂျပန်စကားပြော ပြဇာတ်ပြိုင်ပွဲဆိုသည်မှာ ・・・
မြန်မာနိုင်ငံရှိ ဂျပန်စာသင်တန်းကျောင်းများမှ ဂျပန်စာလေ့လာသူများက ပြဇာတ်အဖွဲ့ ဖွဲ့စည်းကာ ဂျပန်စကားဖြင့် ပြဇာတ်ကို ကပြ၍ အကြိတ်အနှယ်ယှဉ်ပြိုင်သည့်ပြိုင်ပွဲဖြစ်ပါသည်။ ပြဇာတ်စင်ဘေး ပိတ်ကားပေါ်၌ မြန်မာစာစာတမ်းထိုး ဖော်ပြ၍ ဂျပန်စကားကို နားမလည်သည့် ဧည့်ပရိတ်သတ်များလည်း နားလည်နိုင်ရန်နှင့် ပျော်ရွှင်စေရန် စီစဉ်ထားပါမည်။
မြန်မာနိုင်ငံရှိ ဂျပန်စာသင်တန်းကျောင်းများမှ ဂျပန်စာလေ့လာသူများက ပြဇာတ်အဖွဲ့ ဖွဲ့စည်းကာ ဂျပန်စကားဖြင့် ပြဇာတ်ကို ကပြ၍ အကြိတ်အနှယ်ယှဉ်ပြိုင်သည့်ပြိုင်ပွဲဖြစ်ပါသည်။ ပြဇာတ်စင်ဘေး ပိတ်ကားပေါ်၌ မြန်မာစာစာတမ်းထိုး ဖော်ပြ၍ ဂျပန်စကားကို နားမလည်သည့် ဧည့်ပရိတ်သတ်များလည်း နားလည်နိုင်ရန်နှင့် ပျော်ရွှင်စေရန် စီစဉ်ထားပါမည်။
၁။ ကျင်းပမည့်နေ့ရက်
၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၇ရက် (စနေနေ့) (ခန့်မှန်း)
၂။ ကျင်းပမည့်နေရာ
Yangon University of Foreign Languages (ခန့်မှန်း)
၃။ ဖျော်ဖြေချိန်
ကျောင်းတစ်ကျောင်းလျှင် မိနစ်၃၀ခန့်
၎။ ကြီးမှူးကျင်းပမည့် အဖွဲ့အစည်း
Embassy of Japan in Myanmar, Yangon University of Foreign Languages
၅။ ပူးပေါင်းကျင်းပမည့် အဖွဲ့အစည်း
Japanese Association, Myanmar ၊ Japanese Chamber of Commerce and Industry, Yangon (JCCY)
၆။ ပူးပေါင်းကူညီမည့် အဖွဲ့အစည်း
Japanese Association, Myanmar
၇။ ဆုချီးမြင့်ခြင်း
(၁)ပထမဆု (၁ကျောင်း)
- ဆုလက်မှတ် ၊ ဆုလက်ဆောင်
- ပထမဆုရရှိသည့်ကျောင်းမှ ပါဝင်ယှဉ်ပြိုင်သူများထဲ၌ အသက်၁၂နှစ်မှ ၃၀နှစ်အတွင်း ကျောင်းသူကျောင်းသားဖြစ်၍ ၊ ယခင်က ဂျပန်အစိုးရ၏ အစီအစဉ်ဖြင့် ဂျပန်သို့သွားရောက်ဖူးခြင်းမရှိသောသူအား ၊ JENESYS2.0 (Japanese Learner) ဖြင့် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၉ရက် မှ ၁၇ရက်ထိ ဂျပန်နိုင်ငံသို့အလည်အပတ်ဖိတ်ခေါ်ပါမည်။
*ဂျပန်သံအမတ်ကြီးက ပထမဆုချီးမြှင့်ခံရသည့်ကျောင်းကို ဆုဖလားပေးအပ်ပါမည်။ (ဆုဖလားကို ၁နှစ် ကျောင်း၌ ထိန်းသိမ်းထား၍ နောက်နှစ်ပြိုင်ပွဲတွင် ပြန်လည်အပ်နှံရမည်။)
(၂) ဒုတိယဆု(၁ကျောင်း)
- ဆုလက်မှတ် ( Embassy of Japan ) ၊ ဆုလက်ဆောင်
(၃) ဇွဲဆု (၁ကျောင်း)
- ဆုလက်မှတ် ( Embassy of Japan ) ၊ ဆုလက်ဆောင်
(၄) အကောင်းဆုံးသရုပ်ဆောင်ဆု (အမျိုးသား၊ အမျိုးသမီး ၁ဦးစီ)
- ဆုလက်မှတ် ( Embassy of Japan )
- အသက် ၁၂နှစ်မှ ၃၀နှစ်အတွင်း ကျောင်းသူကျောင်းသား ဖြစ်၍၊ ယခင်က ဂျပန်အစိုးရ၏ အစီအစဉ်ဖြင့် ဂျပန်သို့သွားရောက်ဖူးခြင်းမရှိသောသူများအား ၊ JENESYS2.0 (Japanese Learner) ဖြင့် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၉ရက် မှ ၁၇ရက်ထိ ဂျပန်နိုင်ငံသို့အလည်အပတ်ဖိတ်ခေါ်ပါမည်။
၈။ လျှောက်လွှာတင်ခြင်း
(၁) လျှောက်လွှာတင်ရက်
သြဂုတ်လ ၁ရက် (သောကြာနေ့) မှ စက်တင်ဘာလ ၃၀ရက် (အင်္ဂါနေ့) အထိ
(၂) လျှောက်လွှာတင်ရန်
လျှောက်လွှာစာရွက်၌ ဇာတ်ညွှန်း(Script)အား ပူးတွဲ၍၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန ဂျပန်သံရုံး သို့ ပေးပို့ရပါမည်။ လျှောက်လွှာတင်သူများပြားပါက လျှောက်လွှာကိုအခြေခံ၍ ကြီးမှူးကျင်းပမည့် အဖွဲ့အစည်းမှ ပဏာမစစ်ဆေးမှု ပြုလုပ်ကာ စစ်ဆေးမှု အောင်မြင်သည့်အဖွဲ့က ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါမည်။ ပဏာမစစ်ဆေးမှုရလဒ်အား အောက်တိုဘာလ ၁၅ရက် (ဗုဒ္ဓဟူးနေ့) မတိုင်မှီ ကြေညာပါမည်။
(၃) စုံစမ်းမေးမြန်းရန်
ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဌာန၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး
တယ်လီဖုန်း ၀၁-၅၄၉၆၄၄ ~ ၈