One Asia Joint Concert ~ဂျပန် မြန်မာ သံတမန် ဆက်ဆံရေးနှစ် ၆၀ ပြည့်နှစ် ပိတ်ပွဲ အခမ်းအနား~

မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန၊ One Asia Joint Concert ဖြစ်မြောက်ရေး ကော်မတီတို့ပူးပေါင်း ဆောင်ရွက်မှု တို့ဖြင့် 「One Asia Joint Concert」ဖြေဖျော်ပွဲကို ကျင်းပပါမည်။ ယခုနှစ်သည် ဂျပန်မြန်မာ သံတမန် ဆက်ဆံရေးနှစ် ၆၀ ပြည့်နှစ်ဖြစ်ပြီး ၊ ယင်း အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံတွင် အခမ်းအနား ၁၀၀ ကျော် ကို ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ ဤ ဖျော်ဖြေရေးပွဲ သည် ဂျပန် မြန်မာ သံတမန် ဆက်ဆံရေးနှစ် ၆၀ ပြည့်နှစ်၏ ပိတ်ပွဲ အခမ်းအနား လည်း ဖြစ်ပါသည်။ AUN J Classic Orchestra အဖွဲ့မှာ ဂျပန်ရိုးရာ တူရိယာများကို တီးခတ်သည့်လူငယ် ၈ဦးဖြင့် ဖွဲ့စည်းထားပြီး မြန်မာပြည် အပါအ၀င် အာဆီယံ နိုင်ငံ အသီးသီးမှ နိုင်ငံ ကိုယ်စားပြု ရိုးရာ တူရိယာ ပညာရှင်များ စုစည်းပြီး၊ ဗီယက်နမ် ၊ ဘရုနိုင်းတို့ ၌ လှည့်လည် ကျင်းပခဲ့သော ဂီတ ခရီးစဉ် ၏ ပိတ်ပွဲကို ရန်ကုန်မြို့ တွင် ကျင်းပသွားမည် ဖြစ်ပါသည်။ အာရှ၏ ရိုးရာ တူရိယာများ စုစည်း ဖျော်ဖြေရာ ဂီတပွဲကို ပျော်ရွှင်စွာ ခံစားနားဆင်ကြပါ။

နေ့ ရက်၊အချိန်
၁၂ ရက် ၊ ဒီဇင်ဘာလ ၂၀၁၄ခုနှစ် (သောကြာ) ည ၇ နာရီ မှ ၉ နာရီ အထိ

နေရာ
ရန်ကုန် အမျိုးသား ကဇာတ်ရုံ

※၀င်ကြေး အခမဲ့

※အသေးစိတ် အချက်များ ကို One Asia Joint Concert ၏ Website တွင် ကြည့်ရှု နိုင်ပါသည်။
http://www.oneasia-jc.net/jp/myanmar.html