ဂျပန်စကားပြော ပြဇာတ်ပြိုင်ပွဲ
~ဂျပန်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၆၀ )ပြည့် အထိမ်းအမှတ်~

မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးက ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်နှင့် ပူးပေါင်း၍ ဂျပန် စကားပြော ပြဇာတ် ပြိုင်ပွဲကို ကြီးမှုး ကျင်းပပါမည်။ ယနေ့အချိန်ထိ သံရုံးမှ ကြီးမှုး၍ ဂျပန် စကားပြောပြိုင်ပွဲ၊ ဂျပန်စာ ဘာသာပြန် ပြိုင်ပွဲ၊ ဂျပန်သီချင်းဆို ပြိုင်ပွဲစသည့် ဂျပန် ဘာသာစကားနှင့် ဆိုင်သော ပြိုင်ပွဲ အမျိုးမျိုးကို ကျင်းပ ခဲ့ပါသည်။ ယခုနှစ်တွင် ဂျပန်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၆၀)ပြည့် အထိမ်းအမှတ် အဖြစ် ဂျပန် ပြဇာတ်ပြိုင်ပွဲကို Yangon Japanese Association နှင့် Japanese Chamber of Commerce and Industry, Yangon(JCCY) ၏ ပံပိုးကူညီမှုဖြင့် ကျင်းပပါမည်။

နှစ်အကုန်တွင် ကျင်းပသည့် ပွဲဖြစ်ပြီး ပထမဆုံး အကြိမ်အဖြစ် အကြိတ်အနယ် ယှဉ်ပြိုင်ကြမည့် ပွဲ ဖြစ်ပါမည်။ မည်သူမဆို ကြည့်ရှုခံစား နိုင်သည့်အတွက် မိတ်ဆွေ သူငယ်ချင်းများ နှင့်အတူ ကြွရောက်ပါရန် ဖိတ်ခေါ်အပ်ပါသည်။


၁။ ကြီးမှူး ကျင်းပမည့် အဖွဲ့အစည်း
Embassy of Japan in Myanmar
Japanese Department, Yangon University of Foreign Languages
၂။ ပူးပေါင်း ကျင်းပမည့် အဖွဲ့အစည်း
Japanese Association, Myanmar
Japanese Chamber of Commerce and Industry, Yangon (JCCY)
၃။ အချိန်
၂၇ရက် ဒီဇင်ဘာလ ၂၀၁၄ခုနှစ် (စနေနေ့) နေ့လယ် ၁နာရီမှ ည ၆နာရိအထိ (ခန့်မှန်း)
၎။ နေရာ
ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ်၊ LRC ခန်းမ (အယောက်၂၀၀ဆန့်)
၅။ ပါဝင်မည့် ကျောင်းများ (အစဉ်အတိုင်း မဟုတ်ပါ)
Sakura Win
Sky Home
Hikari Academy
Pyay Japanese Language School
Mandalay University of Foreign Languages
Yangon University of Foreign Languages
၆။ အခြား
(၁) ပထမဆု ရရှိသည့် ကျောင်းမှ ပါဝင် ယှဉ်ပြိုင်သူများထဲ၌ အသက် ၁၂နှစ်မှ ၃၀နှစ် အတွင်း ကျောင်းသူ ကျောင်းသား ဖြစ်၍ ၊ ယခင်က ဂျပန် အစိုးရ၏ အစီအစဉ်ဖြင့် ဂျပန်သို့ သွားရောက်ဖူးခြင်း မရှိသောသူ ၂၃ဦးအား ၊ JENESYS2.0 (Japanese Learner) ဖြင့် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၉ရက် မှ ၁၇ရက်ထိ ဂျပန်နိုင်ငံသို့ အလည်အပတ် ဖိတ်ခေါ်ပါမည်။
(၂) ပွဲနေ့တွင် အထူးဧည့်သည် အသင်း အဖြစ် တိုကျိုနိုင်ငံခြား ဘာသာတက္ကသိုလ်ရှိ မြန်မာစာ မေဂျာမှ ဂျပန် ကျောင်းသူ ကျောင်းသားများမှ မြန်မာစကားပြော ပြဇာတ်ကို ကပြ ဖျော်ဖြေပါမည်။(အသေးစိတ်အား ဤနေရာတွင်ကြည့်ပါ။)
၇။ ဆက်သွယ်ရန်
ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ဖုန်း ၀၁-၅၄၉၆၄၄ ~ ၈