
၁၅ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ ကျင်းပခြင်းအခမ်းအနား (ဇွန်လ ၂၂ရက်၂၀၁၃ ခုနှစ်)
၁၅ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲကို Parkroyal Hotel တွင် ဇွန်လ ၂၂ရက်၌ ကျင်းပခဲ့သည်။ပြိုင်ပွဲဝင်နေ့ တွင် လျှောက်လွှာတင်သူ ၅၆ ဦးအနက်မှ ပမာဏရွေးချယ်ခံရသော ၁၅ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သတ်မှတ်ချိန် ၅ မိနစ်အတွင်း ပြင်ဆင်ထားသည့် ခေါင်းစဉ်များဖြင့် အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။တစ်ဦးချင်းစီယှဉ်ပြိုင်ပြောဆိုအပြီးတွင်အကဲဖြတ်ဒိုင်၂ဦးမှမေးခွန်းများကိုမေး မြန်းပြီး၊အကဲဖြတ်ဒိုင် ၆ဦးမှ အမှတ်ပေးခဲ့ကြသည်။ယခင်နှစ်ပြိုင်ပွဲများတွင်စကားပြောကျွမ်းကျင်သော်လည်း၊မေးခွန်းများကိုသေချာစွာမဖြေကြားနိုင်သောပြိုင်ပွဲဝင်များပြားခဲ့ပါသည်။သို့ ရာတွင်ယခုနှစ်ပြိုင်ပွဲတွင်ကားအကဲဖြတ်ဒိုင်များ၏မေးခွန်းများကိုသေချာစွာဖြေ ကြားနိုင်သောပြိုင်ပွဲဝင်များ ပိုမိုများပြားလာသည်ကိုတွေ့ မြင်ရပါသည်။
ပထမဆု | မခင်သူဟန် | မိဘထံမှလက်ဆောင် |
ဒုတိယဆု | မရွှေဝါပွင့် | ဂျပန်နိုင်ငံ၏ကြိုက်သောအချက် |
တတိယဆု | မောင်သက်ဦး | ကျွန်ုပ်နှင့်ကိုးကွယ်ရာဘာသာ |
ဇွဲဆု | မကြည်လဲ့လဲ့ကျော် | အကယ်၍ကျွန်ုပ်သာအဆိုတော်ဖြစ်ခဲ့သော် |
ဆုလက်မှတ်များကို ဟိဂုချိသံအမတ်ကြီးမှလည်းကောင်း၊ဆုပစ္စည်းများနှင့်စပ်လျဉ်း၍ JCCYမှ ပထမဆုအတွက်လျှပ်စစ်အဘိဓာန်ကိုလည်းကောင်း၊ရန်ကုန်ဂျပန်လူမျိုးအသင်းမှဒုတိယဆုအတွက် Smart Phone ကိုလည်းကောင်း၊ တတိယဆုအတွက် MP3 Player ကိုလည်းကောင်းအသီးသီးဆုချီးမြှင့်ခဲ့ကြသည်။ တဖန်ယခုတစ်ကြိမ်ဆုရရှိသူများမှ သတ်မှတ်ချက်များနှင့်ကိုက်ညီသူများကိုနိုဝင်ဘာ လဆန်းပိုင်း၌ ဂျပန်အစိုးရမှစေလွှတ်သောJENESYS 2.0အစီအစဉ်တွင်ပါဝင်ခွင့်ပြုမည်ဖြစ်သည်။
ဆုရရှိသူများ၊အကဲဖြတ်ဒိုင်များနှင့်သဘာပတိများစုပေါင်းဓာတ်ပုံရိုက်ကြစဉ် | ပထမဆုရှင်မခင်သူဟန်ပြိုင်ပွဲဝင်စဉ် |