၉ကြိမ်မြောက်ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနား (ဇွန်လ ၂၂ ရက် ၂၀၁၄ခုနှစ် )

၉ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၁၄ခုနှစ် ဇွန်လ ၂၂ ရက်၌ Parkroyal Hotel တွင် ၁၅ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲနှင့်အတူ ကျင်းပခဲ့ပါသည်။ ဤဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲကို ဖေဖော်ဝါရီလ၈ရက်နေ့ က ရန်ကုန်နှင့်မန္တလေးမြို့ တို့ တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲခေါင်းစဉ်မှာ ယုခိအိုမိရှိမားရေးသားသော ရွှေနန်းကျောင်းဆောင်ဖြစ်ပြီး ရန်ကုန်မြို့ နှင့်မန္တလေးမြို့  တို့ မှကျောင်းသား၊ကျောင်းသူပေါင်း ၆၈ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

ဆုရရှိသွားကြသူများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

ပထမဆု မအောင်မြမော်
ဒုတိယဆု မသင်းသန္တာအောင်
တတိယဆု မခြူးခက်ခိုင်

ဆုလက်မှတ်များကို ဂျပန်သံအမတ်ကြီးမစ္စတာတာတဲရှိဟိဂုချိမှလည်းကောင်း၊ ဆုပစ္စည်းများပေးအပ်ရာတွင် JCCYကပထမဆုအတွက် လျှပ်စစ်အဘိဓာန်ကိုလည်းကောင်း၊ ရန်ကုန်ဂျပန်လူမျိုးအသင်းမှ ဒုတိယဆုအတွက်Smart Phoneကိုလည်းကောင်း၊ တတိယဆုအတွက်MP3 Playerကိုလည်းကောင်းအသီးသီး ဆုချီးမြှင့်ခဲ့ကြသည်။ တစ်ဖန်ယခုတစ်ကြိမ်ဆုရရှိသူများမှ သတ်မှတ်ချက်များနှင့်ကိုက်ညီသူများကို နိုဝင်ဘာ လဆန်းပိုင်း၌ ဂျပန်အစိုးရ၏ JENESYS 2.0အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်သည်။