ဂျပန်ရုပ်ရှင်ပွဲတော်
ဆယ်ကျော်သက်တို့၏ ဖြူစင်မေတ္တာ

ယခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ၂၀၁၅ခုနှစ် ဂျပန်ရုပ်ရှင်ပွဲတော်ကြီးကို မန္တလေးမြို့ ၌ ၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင် ပြသသွားမည်ဖြစ်ပြီး၊ ၂၀၁၆ခုနှစ် ဇန်န၀ါရီလတွင် ရန်ကုန်မြို့ ၌ တင်ဆက်ပြသသွားမည် ဖြစ်ပါသည်။ ယခုအကြိမ်တွင် ၂၀၀၉ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံတွင် ရိုက်ကူးထားသည့် ဆယ်ကျော်သက်တို့၏ ဖြူစင်မေတ္တာကို ပုံဖော်ထားသော အင်္ဂလိပ်စာတန်းထိုး ဇာတ်ကား (၅)ကားကို တင်ဆက်ပြသသွားမည် ဖြစ်ပါသည်။

ပုံမှန်အားဖြင့် ရုပ်ရှင်ရုံတွင် ကြည့်ခွင့်မရနိုင်သော ဤအခွင့်အရေးကောင်းကို လက်မလွှတ်စေလိုသောကြောင့် မိသားစု၊ သူငယ်ချင်းများနှင့်အတူ ဆက်ဆက်လာရောက်ကြည့်ရှုကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

※အင်္ဂလိပ်စာတန်းထိုးရုပ်ရှင်ဇာတ်ကားများဖြစ်ပါသည်။
※၀င်ကြေးအခမဲ့


ရုပ်ရှင်ပြသမည့်အစီအစဉ်
၁။ မန္တလေးမြို့
နေရာ။ ၊၊ ၀င်းလိုက်ရုပ်ရှင်ရုံ (၈၄လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ မန္တလေးမြို့ ၊ ဖုန်း - ၀၂-၃၅၂၂၉)
နေ့ရက်အချိန်ဇာတ်ကားအမည်
ဒီဇင်ဘာလ ၁၈ရက်၊ ၂၀၁၅ခုနှစ်ညနေ ၆နာရီခွဲ“Beyond the Memories”
ဒီဇင်ဘာလ ၁၉ရက်၊ ၂၀၁၅ခုနှစ် (စနေ)ညနေ ၃နာရီခွဲ
ညနေ ၆နာရီခွဲ
“Jinx!!!”
“My Pretend Girlfriend”
ဒီဇင်ဘာလ ၂၀ရက်၊ ၂၀၁၅ခုနှစ် (တနင်္ဂနွေ)ညနေ ၃နာရီခွဲ
ညနေ ၆နာရီခွဲ
“Be Sure to Share”
“It All Began When I Met You”


၂။ ရန်ကုန်မြို့
နေရာ။ ၊၊ နေပြည်တော် ရုပ်ရှင်ရုံ (ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်း- ၀၁ ၂၅၂၁၁၆)
နေ့ရက်အချိန်ဇာတ်ကားအမည်
ဇန်န၀ါရီလ ၁၅ရက်၊ ၂၀၁၆ခုနှစ်(သောကြာ)ညနေ ၆နာရီခွဲ“Beyond the Memories”
ဇန်န၀ါရီလ ၁၆ရက်၊ ၂၀၁၆ခုနှစ်(စနေ)ညနေ ၃နာရီခွဲ
ညနေ ၆နာရီခွဲ
“Jinx!!!”
“My Pretend Girlfriend”
ဇန်န၀ါရီလ ၁၇ရက်၊ ၂၀၁၆ခုနှစ်(တနင်္ဂနွေ)ညနေ ၃နာရီခွဲ
ညနေ ၆နာရီခွဲ
“Be Sure to Share”
“It All Began When I Met You”


၃။ ပြသမည့်ရုပ်ရှင်ဇာတ်ကားများ
(၁) “Beyond the Memories”

ဒါရိုက်တာ - Takehiko Shinjo
၂၀၁၃ခုနှစ် ၊ ၁၂၇ မိနစ်

Ikuemi Ryo ရဲ့ ပျော်ရွှင်ဖွယ် ရုပ်ပြဇာတ်လမ်းတွဲများကို ဆီလျော်အောင် ပြင်ဆင်ရိုက်ကူး ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မိမိအနီးပတ်ဝန်းကျင်ကလူတွေသေဆုံးသွားမူကြောင့် တုန်လှုပ်သွားတဲ့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်၊ တစ်ဦးကိုတစ်ဦးနှစ်သိမ့်ရင်း အပြန်အလှန် သံယောဇဉ်တွေ ဖြစ်လာရပါတယ်။ ဒီဇာတ်ကားကို အရွယ်ရောက်ခါစ အချစ်ဇာတ်လမ်းများကို ရိုက်ကူးရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဒါရိုက်တာ Takehiko Shinjo ကရိုက်ကူးထားပါတယ်။ ရုပ်ရှင်ဖြန့်ဖြူးရေးကုမ္ပဏီဝန်ထမ်းမလေး Kanna (Nagasawa Masami) ဟာ သူမရဲ့အထက်တန်း ပထမနှစ်နွေရာသီကာလမှာ သူမရဲ့ကလေးဘဝကသူငယ်ချင်း ကွယ်လွန်ပြီးကတည်းက အချစ်ကိုရှောင်ရှားခဲ့ပါတယ်။ သူမဟာ ပုံနှိပ်ထုတ်ဝေရေးကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တဲ့ Roku (Okada Masaki) နဲ့ရင်းနှီးသွားခဲ့ပါတယ်။ Roku ကိုကြည့်ရတာ
အပူအပင်မရှိသလိုထင်ရပေမဲ့ အမှန်တကယ်တော့ သူ့သူငယ်ချင်းတစ်ယောက် မတော်တဆထိခိုက်မှုတစ်ခုမှာ သေဆုံးသွားမှုက သူ့ကို အရိပ်ပမာ အမြဲခြောက်လှန့်နေပါတယ်။ ဒီမတော်တဆမှုမှာ သူဟာ အသက်ရှင်လွတ်မြောက် ခဲ့တဲ့သူဖြစ်ပါတယ်။
© 2013 “Beyond the Memories” Film Partners c Ryo Ikuemi / SHUEISHA

(၂) “Jinx!!!”
ဒါရိုက်တာ - Naoto KUMAZAWA
၂၀၁၃၊ ၁၂၂ မိနစ်

ဒီအချစ်ဇာတ်ကားမှာ K-POP နံမည်ကြီး T-ARA အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Hyomin ဟာ ကျောင်းသားဖလှယ်ရေးအစီအစဉ်အနေနဲ့ ဂျပန်ကောလိပ်တစ်ခုမှာ ကျောင်းသားတွေကို အချစ်နဲ့ ပတ်သက်တာတွေ သွားရောက်သင်ကြားပေးရပါတယ်။ ဒီဇာတ်ကားမှာ From Me to You ဇာတ်ကားရဲ့ဒါရိုက်တာ Kumazawa Naoto ကဂျပန်နဲ့ကိုးရီးယားနိုင်ငံတို့မှာ အချစ်အပေါ်ထားရှိတဲ့ ရှုထောင့်အမျိုးမျိုးကို
သနားဖွယ်ကရုဏာရသပေါ်အောင် ပြသသွားပါတယ်။ ဖလှယ်ရေးအစီအစဉ်ကျောင်းသူ Ji-Ho (Hyomin) ဟာ ရိုးသားတဲ့ကောလိပ်ကျောင်းသူ Kaede (Shimizu Kurumi) နဲ့ သူမရဲ့ကလေးဘဝတည်းကသူငယ်ချင်း Yusuke (Yamazaki Kento) တို့နဲ့ တွေ့ဆုံခဲ့တယ်။ Ji-Ho ဟာ အေးတိအေးစက်ဖြစ်နေတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးကို ပြန်လည်ရှင်သန်အောင်လုပ်ချင်ပြီး ကိုးရီးယားစတိုင်အချစ်ဂြိုဟ်ဆိုးကို တစ်ခုပြီးတစ်ခု ဝင်စေခဲ့ပါတော့တယ်။
© 2013 ROBOT COMMUNICATIONS INC.

(၃) “My Pretend Girlfriend”
ဒါရိုက်တာ - Saiji YAKUMO
၂၀၁၄၊ ၁၀၉ မိနစ်

အထက်တန်းတက်ကတည်းက Noboru Aihara (Takeuchi) ကို သက်တူရွယ်တူတွေက ဂရုမပြုမိကြဘူး။ တစ်နေ့မှာတော့ သူ့ကို သူ့ထက်အတန်းကြီးတဲ့သူငယ်ချင်း Shun Miyazaki (Asuka Kudo) က ဘေးအတန်းကကျောင်းသူ Yo Momose (Hayami) နဲ့ မိတ်ဆက်ပေးပြီး ထူးဆန်းတဲ့ မေတ္တာရပ်ခံချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကျောင်းမှာရေပန်းစားသူတစ်ဦးဖြစ်တဲ့ Tetsuko Kanbayashi (Anna Ishibashi) နဲ့တွဲနေပေမယ့် Shun ဟာ Momose နဲ့ ချစ်ကြိုက်နေတယ်ဆိုတဲ့ ကောလဟာလတွေကို ချေဖျက်ဖို့ Noboru ကို Momose ရဲ့ ရည်းစားအဖြစ် ဟန်ဆောင်ခိုင်းတာ ဖြစ်ပါတယ်။
© 2014 Momose Film Partners

(၄) “Be Sure to Share”
ဒါရိုက်တာ - Sion SONO
၂၀၀၉၊ ၁၀၈ မိနစ်

ဒီပြဇာတ်ဆန်ဆန် ပညာပေးဇာတ်ကားလေးကို ရိုက်ကူးတဲ့သူကတော့ Love Exposure (Ai no Mukidashi) ဆိုတဲ့ ဇာတ်ကားကိုရိုက်ကူးတဲ့ ဒါရိုက်တာ Sion Sono ဖြစ်ပြီး ခေါင်းဆောင်မင်းသား ကတော့ EXILE တေးဂီတ အဖွဲ့ရဲ့အဆိုတော် Akira ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Akira ဟာ သူ့ဖခင် (Okuda Eiji) ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ပြီးတဲ့နောက် လွန်စွာမှတုန်လှုပ်ခြောက်ခြားသွားခဲ့ရပါတယ်။ ဒီလိုနဲ့ သူဟာ နာမကျန်းဖြစ်နေတဲ့ သူ့အဖေထံကို နေ့စဉ်နေ့တိုင်း တစ်နာရီမျှသာ သွားရောက် ပြုစုနိုင်ပေမဲ့ တစ်ဖြည်းဖြည်းနဲ့ ဖခင်နဲ့သားတို့ဟာ ပိုပြီးအနေနီးစပ်လာပြီး တစ်ယောက်နဲ့ တစ်ယောက် ပိုမိုခင်တွယ်လာပြီးတဲ့နောက်မှာ အရင်ကနားမလည်နိုင်ခဲ့တဲ့ ဖခင်ကြီးကို နားလည်လာခဲ့ပါတယ်။ ဒါပေမယ့် သူဟာလည်း ကင်ဆာရောဂါနဲ့ သေအံမူးမူး ဖြစ်နေပြီဆိုတာကို သိလိုက်ရပါတယ်။ ဖခင်ကြီးမျက်စိပိတ်ပြီးမှ သူ့မျက်စိပိတ်ချင်တဲ့ဆန္ဒ၊ မိသားစုနဲ့ချစ်သူကိုပါ ရောဂါကိုဖွင့်ပြောပြီး ဖြစ်လာတဲ့ ပဋိပက္ခတွေကြားက Akira တစ်ယောက်ရဲ့စိတ်ခံစားချက်တွေကိုတော့ …….. ။
© 2009 “Be Sure To Share” Film Partners

(၅) “It All Began When I Met You”
ဒါရိုက်တာ - Katsuhide MOTOKI
၂၀၁၃၊ ၁၀၆ မိနစ်

ယောက်ျား၊မိန်းမဆယ်ယောက်ရဲ့အချစ်ဇာတ်လမ်းတွေကို ပေါင်းချုပ်ပုံစံဇာတ်လမ်းဆင်ပြီး ခရစ်စမတ် မတိုင်ခင်ကလေးမှာ တိုကျိုဘူတာရုံကိုရိုက်ကွင်းတည်ပြီး တင်ပြထားတာဖြစ်ပါတယ်။ Tsuribaka Nisshi ကာတွန်းဇာတ်လမ်းကိုရိုက်ကူးတဲ့ ဒါရိုက်တာMotoki Katsuhide က နှစ်တစ်ရာပြည့်အထိမ်းအမှတ်အတွက် အလှတန်ဆာတွေဆင်ယင်ထားတဲ့ တိုကျိုဘူတာရုံနဲ့ အနီးပတ်ဝန်းကျင် အထင်ကရနေရာတွေကို ကြည်နူးဖွယ်ပုံရိပ်တွေအပြည့်နဲ့ ရိုက်ကူးထားပါတယ်။ Kazuki (Tamaki Hiroshi) က မိန်းမတွေကိုဘယ်တော့မှမယုံ၊ Reiko (Takanashi Rin) ကတော့ သူမရဲ့အိပ်မက်တွေကို အကောင်အထည်ပေါ်ဖို့ ရုန်းကန်နေလေရဲ့။ Takumi (Higashide Masahiro) နဲ့ Yukina (Kimura Fumino) တို့ကတော့ အဝေးချစ်သံယောဇဉ်တွေနဲ့၊ Kotoko (Baisho Chieko) ကတော့ တိုကျိုဘူတာနားမှာ ကိတ်မုန့်ဆိုင်ဖွင့်ထားလေရဲ့။
အရွယ်အမျိုးမျိုး နောက်ခံအခြေအနေအမျိုးမျိုးရှိတဲ့ ယောက်ျားမိန်းမတွေရဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းတွေကို ထုတ်ဖော်ပြသလိုက်ပါပြီ။
© 2013 ”IT ALL BEGAN WHEN I MET YOU” FILM PARTNERS



၎။ စုံစမ်းရန်
ပြန်ကြာရေးနှင့် ယဉ်ကျေးမှုဌာန
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
၁၀၀၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်
ဖုန်း ၀၁ ၅၄၉၆၄၄ ~ ၈