
၁၀ ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ
ပြိုင်ပွဲဝင်များလျှောက်လွှာခေါ်ယူခြင်း
ပြိုင်ပွဲဝင်များလျှောက်လွှာခေါ်ယူခြင်း
![]() |
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးသည် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) နှင့်ပူးပေါင်းပြီး မတ်လ ၁၄ ရက်နေ့ (စနေနေ့) ၂၀၁၅ ခုနှစ်တွင် ၁၀ ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲကို (ဂျပန်ကုန်သည်ကြီးများ အသင်း၊ရန်ကုန်(JCCY)နှင့် ဂျပန်လူမျိုးအသင်း၊ရန်ကုန်၏ပံ့ပိုးမှုဖြင့်)ကျင်းပပါမည်။ ဖြေဆိုမည့်နေ့တွင်ဖြန့်ဝေပေး မည့် ဂျပန် ဘာသာစာပေအား မြန်မာဘာသာသို့ ပြန်ဆိုရေးသားရမည့်ပြိုင်ပွဲဖြစ်ပါသည်။
ပထမဆုရရှိသောပြိုင်ပွဲဝင်သူသည် ဂုဏ်ပြုလက်မှတ်၊ဆုပစ္စည်းနှင့်အတူ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ် စေ လွှတ်ပေးပါမည် (စေလွှတ်မည့်အစီအစဉ်တွင်ဖော်ပြထားသော စည်းကမ်းနှင့်ကိုက်ညီသူများသာ)။ ထို့အပြင် အခြားဆုရရှိသူများမှာလည်း ဂုဏ်ပြုလက်မှတ်နှင့်ဆုပစ္စည်းများကိုရရှိပါမည်။ ပါဝင်ယှဉ်ပြိုင်လိုသူများသည် အောက်ပါအစီအစဉ်အတိုင်းလျှောက်လွှာများလက်ခံမည်ဖြစ်ပါသဖြင့် လာရောက်လျှောက်ထားနိုင်ပါသည်။
ပြိုင်ပွဲတွင်ဆုရရှိသူစာရင်းကို ၂၀၁၅ခုနှစ်၊ဇူလိုင်လတွင်ကျင်းပရန်စီစဉ်ထားသော ဂျပန်စကားပြောပြိုင်ပွဲ ဆုပေးပွဲ တွင် ထုတ်ပြန်ပါမည်။
၁။ လျှောက်လွှာလက်ခံမည့်နေရာ
(၁) ရန်ကုန်မြို့
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
အခန်း(၇၀၇)၊၇ လွှာ၊တိုက် စီ၊ပုလဲကွန်ဒို၊ကမ္ဘာအေးဘုရားလမ်း၊ဗဟန်းမြို့နယ်
လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့်အချိန်
၂၀၁၅ ခုနှစ်၊ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှမတ်လ ၆ ရက်နေ့အထိ၊နံနက် ၉.၃၀နာရီမှ ညနေ ၄နာရီ အတွင်း (ပိတ်ရက်မရှိ)
(၂) မန္တလေးမြို့
ဟီတိုစင်တာ (HITO Center)
လမ်း ၈၀ နှင့် ၁၂ လမ်းထောင့်
လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့်အချိန်
၂၀၁၅ ခုနှစ်၊ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှမတ်လ ၆ ရက်နေ့အထိ၊နံနက် ၉ နာရီမှ ညနေ ၅နာရီ အတွင်း (တနင်္ဂနွေနေ့မှအပ)
၂။ ပြိုင်ပွဲဝင်စည်းကမ်းချက်များ
(၁) မြန်မာနိုင်ငံသားဖြစ်ရမည်။
(၂) ဂျပန်နိုင်ငံ၏မသင်မနေရပညာရေးစနစ်အောက်တွင် ၃ နှစ်အထက် သင်ယူဖူးသူမဖြစ်ရ။
(၃) ယခင်ပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသူမဖြစ်ရ။
(၄) ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ N3နှင့်အထက်အဆင့်ရှိပြီး ဂျပန်ဘာသာပြဆရာ မဖြစ်ရ။
၃။ စုံစမ်းမေးမြန်းလိုပါက
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဖုန်း။ ၀၉-၈၆၁၂၁၅၁၊ ၀၉-၈၆၁၃၈၄၈
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဌာန
ဖုန်း။ ၀၁-၅၄၉၆၄၄~၈