
ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ဒေါ်လာ(၁၁၀,၅၈၇)တန်ဖိုးရှိ ရေသွယ်ယူရေးလုပ်ငန်းထောက်ပံ့ကူညီခြင်း
၂၀၁၅ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ကျွန်းကလေးကျေးရွာရေသွယ်ယူရေးလုပ်ငန်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၁၀,၅၈၇)ကိုပေးအပ်ခဲ့ပါသည်။အထက်ပါစီမံကိန်း၏ဖွင့်လှစ်ပွဲနှင့် လွှဲပြောင်းပွဲအခမ်းအနားကို ၂၀၁၅ခုနှစ်၊ဇူလိုင်လ(၂၀)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ကော့မှူးမြို့နယ်၌ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှအရာရှိ Mr. Yuhei MURAKAMI၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ကျွန်းကလေးကျေးရွာသူ/သားများသည် နွေရာသီတွင် မိနစ်(၂၀)လမ်းလျှောက်ရသောအခြားကျေးရွာသို့ ရေသွား ခပ်ရပါသည်။ ဤကဲ့သို့သောအခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရမှ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေး အစီအစဉ်အရ ရေကန်တူးဖော်ခြင်းနှင့်အတူ ရေသွယ်ယူရန်ပိုက်လိုင်းများ၊ အုတ်ကန်များ၊ ဆိုလာရေစုပ်ပန့်၊ ခြံစည်းရိုးနှင့် ဆိုင်းဘုတ်များကိုပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည်ကျေးရွာရှိ အိမ်ထောင်စု(၇၄)စုမှ ကျေးရွာသူ/သား (၄၀၀)ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၂၇)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၂၈)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၄)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
|
|
|
|