
ဂျပန်-မြန်မာ ရုပ်သေးသဘင် ပူးပေါင်းတင်ဆက်မှု အစီအစဉ်
Bunraku ၊ မြန်မာ့ ရုပ်သေးသဘင်တို့ ၏ Lecture နှင့် Demonstration
Bunraku ၊ မြန်မာ့ ရုပ်သေးသဘင်တို့ ၏ Lecture နှင့် Demonstration
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Japan Foundation ဘန်ကောက် ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံ သဘင်ဖောင်ဒေးရှင်း ၊မြန်မာနိုင်ငံ ရုပ်စုံသဘင် အသင်း တို့နှင့် ပူးပေါင်း၍ “ဂျပန်-မြန်မာ ရုပ်သေးသဘင် ပူးပေါင်းတင်ဆက်မှု အစီအစဉ်ဖြစ်သော Bunraku ၊ မြန်မာ့ ရုပ်သေးသဘင်တို့ ၏ Lecture နှင့် Demonstration” စသည်တို့ကို တင်ဆက်ပြသမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံ Bunrakuအသင်းမှ ငယ်ရွယ်သောအနုပညာရှင် (၆)ဦး၊ မြန်မာနိုင်ငံ မန္တလေးရုပ်သေးသဘင်မှ အနုပညာရှင် (၁၀)ဦး တို့က ပါဝင်တင်ဆက်မည် ဖြစ်ပါသည်။ Bunrakuနှင့် မြန်မာ့ ရုပ်သေးသဘင်တို့၏ သမိုင်းကြောင်း၊ အတတ်ပညာတို့ကို Lecture ပုံစံဖြင့် မိတ်ဆက်ပေးပြီး ဇာတ်လမ်းတိုများကို လက်တွေ့ဖျော်ဖြေတင်ဆက်မည် ဖြစ်ပါသည်။
![]() |
![]() |
KEISEI HANGONKOU – TOSA NO SHOGEN KANKYO NO DAN © Seisuke MIYAKE |
DATE MUSUME KOI NO HIGANOKO – HINOMIYAGURA NO DAN © Seisuke MIYAKE |
![]() |
|
Himalayan Scene © Chinatsu Hyodo | Alchemist |
၁။ နေ့ရက်နှင့် အချိန်
သြဂုတ်လ ၁၈ရက် ၂၀၁၅ ခုနှစ်
ပထမပွဲချိန်: နေ့လည် ၁နာရီမှ ၃နာရီခွဲအထိ
ဒုတိယပွဲချိန်: ၅နာရီခွဲမှ ၈နာရီအထိ
※ဂျပန်- မြန်မာဘာသာစကားဖြင့် ပြန်ဆိုပေးခြင်း (အင်္ဂလိပ်ဘာသာစကားဖြင့် ပြန်ဆိုပေးမည်မဟုတ်ပါ။)
※ပွဲချိန် ၂ချိန်စလုံးကို အကြောင်းအရာတူ တင်ဆက်သွားမည် ဖြစ်ပါသည်။
※၀င်ကြေးအခမဲ့ ဖြစ်ပါသည်။
※ထိုင်ခုံအရေအတွက် ကန့်သတ်ချက်ရှိပါသောကြောင့် ဦးရာလူစနစ်ဖြင့် အားပေးကြရန် ဖြစ်ပါသည်။
၂။ ပွဲကျင်းပမည့်နေရာ
Kanbawza Mini Theatre, Chin Chaung Palace (No.131, Chin Chaung Palace, Kabar aye Pagoda Road, Bahan Township, Yangon)
၃။ တင်ဆက်မည့် အကြောင်းအရာ
(၁) Bunraku
ပြဇာတ် (၂)ခု (“KEISEI HANGONKOU – TOSA NO SHOGEN KANKYO NO DAN” , “DATE MUSUME KOI NO HIGANOKO – HINOMIYAGURA NO DAN”) တင်ဆက်မှု၊ ၃မျိုးပေါင်းတင်ဆက်မှု (Bunraku ဖွဲ့စည်းမှု ၃မျိုးဖြစ်သော ဇာတ်ကြောင်းပြောဆရာ၊ ဗျပ်စောင်းနှင့် ရုပ်သေးပညာရှင်စသည်တို့၏ အခန်းကဏ္ဍ) ရှင်းလင်းချက်နှင့် ရုပ်သေးပညာအတွေ့အကြုံ
(၂) မြန်မာ့ ရုပ်သေးသဘင်
မြန်မာ့ ရုပ်သေးသဘင်၏ သမိုင်းကြောင်းနှင့် ရုပ်သေးပညာအတွေ့အကြုံတို့နှင့် ပေါင်းစပ်၍ ပြဇာတ် ၃ခု (Himalayan Scene, Alchemist, Duet Dance) တို့၏ ဖျော်ဖြေတင်ဆက်မှု
၎။ Organizers and Cooperation
(၁) Organizers
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ Japan Foundation ဘန်ကောက် ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံ သဘင်ဖောင်ဒေးရှင်း ၊မြန်မာနိုင်ငံ ရုပ်စုံ သဘင် အသင်း
(၂) Cooperation
National Bunraku Theater, Bunraku Kyokai, KANSAI BUTAI Co.,Ltd , NPO Ningyo Johruri Bunrakuza, Adventure JAPAN Co.,Ltd
၅။ စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန
အမှတ် (၁၀၀)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ်: 01 549644-8