
ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ဒေါ်လာ(၁၈၆,၆၃၂)တန်ဖိုးရှိ စာသင်ကျောင်းဆောင်ထောက်ပံ့ကူညီခြင်း
၂၀၁၅ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ (၁၈၆,၆၃၂) ကိုပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းမှာ- မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ အလယ်ရွာအခြေခံပညာအထက်တန်းကျောင်းခွဲဆောက်လုပ်ရေးစီမံကိန်းအတွက် ဖြစ်ပါသည်။အထက်ပါစီမံကိန်း၏ဖွင့်လှစ်ပွဲနှင့်လွှဲပြောင်းပွဲအခမ်းအနားကို ၂၀၁၅ခုနှစ်၊ဇူလိုင်လ(၃၁)ရက်တွင် မန္ထလေးတိုင်းဒေသ ကြီး၊ မိတ္ထီလာမြို့နယ်၊ အလယ်ရွာကျေးရွာ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ပညာရေးပြည်ထောင်စုဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
အလယ်ရွာအခြေခံပညာအထက်တန်းကျောင်းခွဲရှိစာသင်ဆောင်များသည် တိုးပွားလာသောကျောင်းသားဦးရေများ အတွက် စာသင်ခန်းလိုအပ်မှုများကိုမဖြည့်ဆည်းပေးနိုင်ခဲ့ပါ။ ဤကဲ့သို့သောအခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရမှ ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်းရှစ်ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာ သင်ဆောင်တစ်ဆောင်၊ ကျောင်းသုံးပရိဘောဂအစုံအလင်၊ အိမ်သာနှင့်ရေစင်ကိုပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းသူ/သား(၃၉၁)ဦးကို အကျိုးခံစားမှု ဖြစ်ပေါ်စေပါမည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၂၇)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၂၈)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၄)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
|
|
|
|