
ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကရင်ပြည်နယ်၊ဘားအံမြို့နယ်နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒေါ်လာ(၃၈၄,၆၁၃)တန်ဖိုးရှိ စာသင်ကျောင်းနှစ်ဆောင်ထောက်ပံ့ကူညီခြင်း
၂၀၁၅ခုနှစ်၊ သြဂုတ်လ (၃) ရက်
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၃၈၄,၆၁၃)ကိုပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းနှစ်ခုမှာ
၁. ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက်အမေရိကန်ဒေါ်လာ(၂၆၂,၇၁၁) နှင့်
၂. ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းကြီးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက်အမေရိကန်ဒေါ်လာ(၁၂၁,၉၀၂) တို့ဖြစ်ပါသည်။
အထက်ပါစီမံကိန်းနှစ်ခု၏ဖွင့်လှစ်ပွဲနှင့်လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၅ခုနှစ်၊သြဂုတ်လ(၂)နှင့်(၃)ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်၌ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှပထမအတွင်းဝန် Mr. Yuichiro FUNAI၊ ကရင်ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဦးစောဝင်းထိန်၊ ကရင် ပြည်နယ်သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဦးစောဆာလောလ၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင် များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။သာမညကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာသင်ကျောင်းဆောင်မရှိသဖြင့်၊ ကျောင်းသူ/သားများ သည် ဘုန်းကြီးကျောင်းတွင် စာသင်ကြားခဲ့ကြရပါသည်။ ဘုန်းကြီးကျောင်းတွင်အခမ်းအနားများရှိသောအခါ ကျောင်းများပိတ်ထားခဲ့ရပါသည်။ ဘုန်းကြီးကျောင်းဆောင်မှာလည်း အခန်းခွဲများမရှိသောခန်းမကျယ်ဖြစ်သဖြင့်၊ ကျောင်းသားကလေးများ ဆူညံသံများဖြင့်အနှောင့်အယှက်ဖြစ်ရပါသည်။ ဤကဲ့သို့သောအခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရမှ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၁၂)ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ကျောင်းသုံးပရိဘောဂအပြည့်အစုံ၊ အိမ်သာနှင့်ရေသွယ်စနစ်များ ကိုပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကရင်နှင့်ပအို့ဝ်လူမျိုး၊ကျောင်းသူ/သား(၈၉၇)ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အခြေခံပညာအလယ်တန်းကျောင်းရှိစာသင်ကျောင်းနှစ်ဆောင်မှာ ဟောင်းနွမ်းနေသည့် အပြင်၊ တိုးလာသောကျောင်းသူ/သားများအတွက် စာသင်ခန်းလုံလောက်မှုမရှိခဲ့ပါ။ ဤကဲ့သို့သောအခြေအနေများ တွင် ဂျပန်နိုင်ငံအစိုးရမှ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၆)ခန်းပါဝင်သောသံကူ ကွန်ကရစ်နှစ်ထပ်စာသင်ဆောင်နှင့်ကျောင်းသုံးပရိဘောဂအပြည့်အစုံကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည်ကရင် လူမျိုး၊ကျောင်းသူ/သား(၃၀၀)ခန့်ကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၂၇)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၂၈)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၄)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
|
|
|
|
|