
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. Tateshi HIGUCHI နှင့် သက်ဆိုင်ရာစီမံကိန်း မှတည်ဆောက်ရေးကော်မတီဥက္ကဌသည် ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ အမေရိကန်ဒေါ်လာ(၁၈၈,၇၉၄)တန်ဖိုးရှိသော ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အင်းဝင်းအခြေခံပညာ မူလတန်းကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်ကို ယနေ့လက်မှတ် ရေးထိုးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အင်းဝင်းစာသင်ကျောင်းဆောင်များသည် သက်တမ်းကြာမြင့်နေပါ သည်။ စာသင်ခန်းများကိုလည်း အခန်းကန့်ထားခြင်းမရှိဘဲ၊ ကျောင်းသူ/သားများ ကျဉ်းကျပ်စွာစာသင်ကြား နေရပါသည်။ အဆောက်အဦးများတွင် အမိုးများပျက်စီးနေပြီး၊ မျက်နှာကျက်များမရှိသဖြင့်၊ မိုးရွာသောအခါများတွင် ကလေးများအလွယ်တကူမိုးမိကြပါသည်။ ယခုနှစ်တွင် မူလတန်းလွန်ကျောင်းအဖြစ်သို့တိုးမြှင့်လိုက်သဖြင့်၊ စာသင်ခန်းများ ပိုမိုလိုအပ်လာပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရသည် အသေးစားစီမံကိန်း များထောက်ပံ့ရေးအစီအစဉ်အရ ကျောင်းသုံးပရိဘောဂ၊ လျှောက်လမ်းနှင့် အိမ်သာများပါဝင်သော သံကူကွန်ကရစ် နှစ်ထပ်စာသင်ကျောင်းကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၂၉၄ ဦးကို အကျိုးခံစားစေ လိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၂၈)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၂၉)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၄)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိဂျပန်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
|
|