ဂျပန်အစိုးရက မြန်မာနိုင်ငံသို့ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်ခြင်း
၂၀၁၅ခုနှစ်၊ စက်တင်ဘာလ (၈) ရက်
၂၀၁၅ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အထွေအထွေ ရွေးကောက်ပွဲ ကို စောင့်ကြည့်လေ့လာရန်အတွက် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. Yohei SASAKAWA ခေါင်းဆောင်သည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို စေလွှတ်ရန် ဂျပန်အစိုးရက ဆုံးဖြတ်လိုက်ပါသည်။
အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ် ပိုမိုတိုးတက်လာလိမ့်မည်ဟု ဂျပန်အစိုးရက မျှော်လင့်ပါသည်။ ဂျပန်အစိုးရသည် မြန်မာ နိုင်ငံသို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်ခြင်းဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲကို ထောက်ခံအားပေးသွားမည် ဖြစ်ပါသည်။

No.100 Natmauk Road, Bahan Township, Yangon
01-549644~8