ဂျပန်ရုပ်ရှင်ပြပွဲ

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အင်္ဂလိပ်စာတန်းထိုး ဂျပန်ရုပ်ရှင်ပြပွဲကို တင်ဆက်ပြသပါမည်။ ထင်ပေါ်ကျော်ကြားသည့် ဂျပန်ရုပ်ရှင်မင်းသမီး Rena Tanaka ကို အသားပေးဖော်ပြသွားမည် ဖြစ်ပြီး သူမပါဝင်သရုပ်ဆောင်ထားသော အချစ်ဇာတ်လမ်း နှင့် ဆယ်ကျော်သက်ရုပ်ရှင်ဇာတ်ကားနှစ်ကားကို ပြသသွားမည်ဖြစ်ပါသည်။
• ဝင်ကြေးအခမဲ့၊ ကြိုတင်စာရင်းပေးစရာမလိုပါ။
• နိုင်ငံသားစိစစ်ရေးကတ်ပြားကို သံရုံးဂိတ်တွင်ပြသရန် ယူဆောင်လာရပါမည်။

၁။ First Love (Tetsuo Shinohara / 2000 / 115min.)
နေ့ရက်။ ။ (ကြာသပတေးနေ့) ၁၉ ရက် မတ်လ၊ ၂၀၁၅
အချိန်။ ။ ညနေ ၅း၃၀ နာရီ
နေရာ။ ။ Assembly Hall မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး (၁၀၀)၊ နတ်မောက်လမ်း၊ ဗဟန်း
အထက်တန်း ကျောင်းသူလေး ဆတိုးကသည် မိခင် ကင်ဆာရောဂါ ခံစားရမှုနှင့်အတူ ဖခင်နှင့်လည်း အဆက်အသွယ် ကောင်းစွာ မလုပ်ခဲ့တာကြောင့် ဘ၀ကို ခက်ခဲ ရှုပ်ထွေးစွာ ဖြတ်သန်းနေရပါသည်။ အမေ၏ အသုံးဆောင် ပစ္စည်းများကို ရှင်းလင်းရင်း သူမရဲ့အချစ်ဦး ရှင်းအိချိရိုး ထံ ရေးသားထားသော စာကို ရှာဖွေ တွေ့ရှိခဲ့ပါသည်။ ဆတိုးကသည် ရှင်းအိချိရိုး ကို နောက်ထပ် တစ်ကြိမ် မြင်တွေ့လိုသော အမေ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် သန္နိဋ္ဌာန်ချခဲ့သည်။ ရှင်းအိချိရိုး ကို ရှာတွေ့ပေမယ့် အမေအရင်က သိထားသည့် လူမျိုး မဟုတ်တော့ပါ။ သူ့အရင်ပုံစံအတိုင်း ပြန်ရောက်အောင် သူမ အတင်း ကြိုးစားပြင်ယူ ခဲ့ရပါသည်။ အမေ စိတ်ကူးခဲ့တဲ့ ချယ်ရီ ပန်းပင်အောက်မှာ ပြုလုပ်ဖို့ အကြာကြီး စီစဉ်ထားခဲ့တဲ့ ပြန်လည်တွေ့ဆုံပွဲမှာ သူမမျှော်လင့်ခဲ့သလို ဖြစ်မလာခဲ့ပါ။
©2000 "Hatsukoi" Film Partners

၂။ Give it All (Itsumichi Isomura/ 1998/ 120min.)
နေ့ရက်။ ။ (စနေနေ့) ၂၁ ရက် မတ်လ၊ ၂၀၁၅
အချိန်။ ။ နေ့လည် ၂း၀၀ နာရီ
နေရာ။ ။ Assembly Hall မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး (၁၀၀)၊ နတ်မောက်လမ်း၊ ဗဟန်း
၁၅ နှစ်အရွယ် အဲဆုကိုလေးသည် အ၀တ်အခြောက်လျှော် လုပ်ငန်းလုပ်ကိုင်သော နှုတ်နည်းသောဖခင်၊ အလုပ်ကြိုးစားပြီး ဇီဇာကြောင်သောမိခင် တို့နှင့်အတူ နေထိုင်ပါသည်။ သူတို့နှင့်အတူ နေထိုင်သူတွေကတော့ အိမ်ကိုစောင့်ရှောက်သည့်အဖွားနှင့် မကြာမီ တက္ကသိုလ်သို့ သွားရောက်တော့မည့် အမတို့ဖြစ်ကြပါသည်။ မိမိကိုယ်ကို အိမ်အတွက် ကူဖော်လောင်ဖက် မရသူတစ်ယောက်အဖြစ် ခံစားမိပါတော့သည်။ တနေ့အထက်တန်းကျောင်းတွင် မိန်းကလေး လှေလှော်အသင်း မရှိသည်ကိုသတိထားမိရင်း အတန်းဖော် သူငယ်ချင်း ၄ ယောက်အား ချော့မော့မြှောက်ပင့်ပြီး အောက်တိုဘာလကုန်အထိ အသင်းသားအဖြစ်ပါဝင်ရန် ကတိပေးတိုက်တွန်းခဲ့ပါသည်။ မိန်းကလေးလှေလှော်အသင်း စတင်ခါစမှာ ဘိုး ၏စည်းရုံးလှုံဆော်မှု့ဖြင့်လှောင်ပြောင်သရော်ခြင်းခံခဲ့ရသည်။ အထက်တန်းကျောင်းသား ယာစုဒ ၏အကူအညီနှင့် နွေရာသီရက်တိုသင်တန်းတွင် အပြင်းအထန်လေ့ကျင့် ပြီးသည့်အခါ နှစ်စဉ်ကျင်းပသော ကျောင်းပေါင်းစုံ လှေလှော်ပြိုင်ပွဲတွင် အဆင်သင့်ဖြစ်မည်ဟု ထင်ထားကြသည်။ သို့သော် သူတို့သည် ထင်ထားသည့်အတိုင်း…..
©1998 FUJI TELEVISION/PONY CANYON/ALTAMIRA PICTURES