
မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. Tateshi HIGUCHI နှင့် ကြခတ်ချောင်းကျေးရွာ ကျောင်းဆောက်လုပ်ရေးကော်မတီဥက္ကဌသည် စီမံကိန်းတစ်ခုအတွက် အထောက်အပံ့ပေး ရေးသဘောတူစာချုပ်ကို ယနေ့လက်မှတ်ရေးထိုးကြပါသည်။ ဂျပန်နိုင်ငံအစိုးရသည်၎င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ် အရ စာသင်ကျောင်းဆောင်ဆောက်လုပ်ရေးအတွက်အမေရိကန်ဒေါ်လာ(၁၅၃,၀၉၅)ကို လူသားချင်းစာနာ ထောက် ထားမှုအထောက်အပံ့အဖြစ်ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းမှာ-ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြခတ် ချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲဆောက်လုပ်ရေးစီမံကိန်းအတွက် ဖြစ်ပါသည်။
ကြခတ်ချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တည်ရှိပါသည်။ ကျောင်းအဆောက်အဦးများသည် များပြားသောကျောင်းသူ/သားများအတွက် စာသင်ခန်းလုံ လောက်မှုမပေးနိုင်ပါ။ သတ္တမတန်း၊အဌမတန်းနှင့်န၀မတန်းကျောင်းသူ/သားများသည် အမိုးသာရှိပြီး၊ အကာမရှိ သော ယာယီဆောင်တစ်ဆောင်တွင် စာသင်ကြားနေကြရပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရ သည် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကျောင်းသုံးပရိဘောဂနှင့်စာသင်ခန်း(၈)ခန်းပါဝင်သော သံကူ ကွန်ကရစ်နှစ်ထပ်စာသင်ကျောင်းတစ်ဆောင်ကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကရင်တိုင်းရင်းသား၊ ဗမာ နှင့် ရှမ်းတိုင်းရင်းသား ကျောင်းသား/သူ (၆၅၄) ဦးကို အကျိုးခံစားစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၂၉)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၃၀)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၄)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိဂျပန်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |