မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှသံအမတ်ကြီး မစ္စတာဟီဂုချိ ထတဲ့ချိ၊ မန်နေးဂျင်းဒါရိုက်တာဦးဝင်းခန့်၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာစီမံကိန်းမှတည်ဆောက်ရေးကော်မတီဥက္ကဌသည် အမေရိကန်ဒေါ်လာ(၂၈၃,၁၀၇)တန်ဖိုးရှိသော အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါစီမံကိန်းများမှာ
၁။ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဆိပ်ခံတံတားတည်ဆောက်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၅၅,၅၉၉)နှင့်၂။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ရွာဦးအခြေခံပညာအထက်တန်းကျောင်းခွဲတည်ဆောက်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၂၇,၅၀၈) တို့ဖြစ်ကြပါသည်။
ဘိုကလေးမြို့နယ်ဒေသခံများနှင့် ပတ်ဝန်းကျင် ကျေးရွာအုပ်စုပေါင်း(၈)စုတို့သည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ၁၉၉၁ခုနှစ်တွင်တည်ဆောက်ခဲ့သောဘိုကလေးဆိပ်ခံတံတားကို ရေကြောင်းသွားလာရေးအတွက် အသုံးပြုနေခဲ့ကြပါ သည်။ သို့သော်လည်း လက်ရှိသက်တမ်းကြာမြင့်ပြီဖြစ်သောဆိပ်ခံတံတားသည် အက်ကြောင်းများ၊ အပေါက်လေးများ ဖြစ်ပေါ်နေပြီး၊ ရေတက်သောအချိန်များတွင် တံတားပေါ် လမ်းလျှောက်သွားလာရန် လုံခြုံမှုမရှိတော့ပါ။ ဤကဲ့သို့သော အခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ သံကူကွန်ကရစ် အုတ်မြစ်(၁၇)ခုပေါ်တွင်တည်ဆောက်မည့် (၁၂၀)ပေ(၃၆.၆မီတာ)ရှည်သော သံကူကွန်ကရစ်လျှောက်လမ်း၊ ဆင်ခြေ လျှောလျှောက်လမ်း(၂)ခုပါဝင်သော ရွှေ့လျားသံပေါင်တံတားနှင့် ၎င်းတံတားအား အပေါ်အောက်ဦးတည်နိုင် စေမည့် သံဗောတံတားတည်ဆောက်ခြင်းနှင့် လက်ရှိ(၃၅×၆မီတာ)သံဗောတံတား ပြုပြင်ခြင်းလုပ်ငန်းများအတွက် ကူညီပံ့ပိုးပေး သွားမည်ဖြစ်ပါသည်။ စီမံကိန်းသည်ပတ်ဝန်းကျင် ကျေးရွာအုပ်စုပေါင်း(၈)စုမှ ဒေသခံ(၇၀,၉၄၃)ဦးကို အကျိုးခံစားမှုဖြစ် ပေါ်စေပါမည်။
ရွာဦးအခြေခံပညာအထက်တန်းကျောင်းခွဲ၊ ကျောင်းတွင် ကျောင်းဆောင်သုံးဆောင်ရှိပြီး၊ ပတ်ဝန်းကျင် ကျေးရွာ (၁၁)ရွာမှ ကျောင်းသား/သူပေါင်း(၄၃၇)ဦးရှိပါသည်။ နှစ်စဉ်နှစ်တိုင်းတိုးပွားလာသော ကျောင်းသားဦးရေများကြောင့်၊ အခန်းမခွဲ နိုင်ဘဲ ကျဉ်းကျပ်စွာစာသင်ကြားနေကြရပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရသည် ကျောင်းသုံး ပရိဘောဂအပြည့်အစုံ၊ အိမ်သာ(၂)လုံးနှင့် စာသင်ခန်း (၅)ခန်းပါဝင်သော သံကူကွန်ကရစ်တစ်ထပ် စာသင်ဆောင်တစ်ဆောင်ကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ (၄၃၇)ဦးနှင့် ဆရာ/မ(၂၃)ဦးကို အကျိုးခံစားစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၃၁)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၃၁)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၅)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိ မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
|
|

No.100 Natmauk Road, Bahan Township, Yangon
01-549644~8