၂၀၁၅ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့တွင် “မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ ကူညီထောက် ပံ့ရေး စီမံကိန်း”အတွက် နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်များပေးအပ်ပွဲအခမ်း အနားကို ကျင်းပခဲ့ပြီး ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် ကြီး H.E. Mr. Tateshi HIGUCHI နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဌာနေကိုယ် စားလှယ် Mr. Toily Kurbanov တို့ တက်ရောက်ခဲ့ပါသည်။
ဂျပန်အစိုးရသည် UNDPနှင့် ပူးပေါင်းချိတ်ဆက်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လျှပ်စစ်ဓာတ်အား အပြည့်အ၀ မရရှိနိုင်သည့် မဲရုံ ၂၅၆၄၉ ရုံအတွက် နေရောင်ခြည်စွမ်းအင်သုံးမီးအိမ် ၂လုံးစီ စုစုပေါင်း ၅၁၂၉၈ လုံးကို ပေးအပ်ခဲ့ပါသည်။
နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၏ မှတ်ကျောက်တစ်ခုဖြစ်လာမည့် အလွန်အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်ပြီး လွတ်လပ်၍ တရားမျှတစွာ ကျင်းပနိုင်ရေးအတွက် ယုံကြည်မှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရန်မှာ မရှိမဖြစ်လိုအပ် ပါသည်။ ယခုအကြိမ် ဂျပန်အစိုးရက ပေးအပ်သည့် နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်များ၏ အလင်းရောင်ဖြင့် မြန်မာနိုင်ငံ နယ်စွန်နယ်ဖျားထိတိုင်အောင် ချောမွေ့မြန်ဆန်စွာ ယုံကြည်စိတ်ချစွာ ပွင့်လင်မြင်သာစွာ မဲရေတွက်နိုင်မည် ဖြစ်ပါသည်။
ဂျပန်အစိုးရသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် လိုအပ်သောပစ္စည်းများကို ကူညီ ထောက်ပံ့ ပေးရုံတင်မကပဲ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းအားဖြင့်လည်း လွတ်လပ်၍ တရားမျှတသော ရွေး ကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုး သားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Yohei SASAKAWA ဦးဆောင်သော ဂျပန်အစိုးရ ၏ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့က ရွေးကောက်ပွဲကို စောင့် ကြည့်လေ့လာသွားမည် ဖြစ်ပါသည်။ ထို့အပြင် ဂျပန်အစိုးရသည် တစ်ကြိမ်ထက်ပိုသော ဆန္ဒမဲပေးမှုမှ ကာကွယ်ရန်အတွက် အထူးပြုလုပ်ထားသည့် မင်ရည်များ ပေးအပ်ခြင်းအတွက်လည်း UNDP မှတစ်ဆင့် ထောက်ပံ့ငွေတချို့ကို ပေးအပ်ခဲ့ပါသည်။
ဂျပန်အစိုးရသည် နိုဝင်ဘာလ ၈ရက်နေ့ အထွေထွေရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတစွာ ကျင်းပ ရေးအတွက် တိုက်တွန်းအားပေးလျက် နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စွမ်းစွမ်းတမံ ကူညီထောက်ပံ့သွားမည် ဖြစ်ပါသည်။
|
|

No.100 Natmauk Road, Bahan Township, Yangon
01-549644~8