
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်တွင် ရေအလေအလွင့်လျှော့ချရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၆၁၀,၃၁၇)ကိုပေးအပ်ခဲ့ပါသည်။
အထက်ပါစီမံကိန်း၏လွှဲပြောင်းပွဲအခမ်းအနားကို ၂၀၁၅ခုနှစ်၊အောက်တိုဘာလ(၃၀)ရက်တွင် ရန်ကုန်၊မြိုင်ဟေ၀န် ပန်းခြံ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှသံအမတ်ကြီး H.E. Mr. Tateshi HIGUCHI၊ ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်၊ နံပါတ်(၅)ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဝင်ဦးစိုးစီ၊ TSS Tokyo Water Co.,Ltd မှဥက္ကဌ Dr. Atsushi MASUKO ၊ the Burea of Tokyo Waterworks မှဒုတိယညွှန်ကြားရေးမှူး Mr. Shinichi YOSHIDA နှင့် Japan Consortium မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
မြို့ပြလူနေမှုစနစ်တွင် စနစ်ကျကောင်းမွန်သောရေပေးဝေရေးစနစ်မှာ မရှိမဖြစ်လိုအပ်ပါသည်။ ၂၀၁၂ခုနှစ်တွင် ကောက်ယူခဲ့သောစစ်တမ်းများအရ ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်အတွင်း ရေပိုက်ယိုစိမ့်မှုကိုပြန်လည်ပြုပြင်ပေးရ ခြင်း အများဆုံးရှိခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်နှင့်ဂျပန် Consortiumတို့ပူးပေါင်းပြီး ရေသွယ်ယူရေးလိုအပ်သောပစ္စည်းကိရိယာများ ပံ့ပိုးခြင်း၊ ရေသွယ်ယူရေးလိုင်းများပြုပြင်ပေးခြင်း၊ ရေသန့်စင်ရေးစနစ်တစ်ခုတပ်ဆင်ပေးခြင်း၊ ရန်ကုန်စည်ပင် သာယာရေးအင်ဂျင်နီယာများကိုပြုပြင်ထိန်းသိမ်းရေးသင်တန်းများပေးခြင်းများအတွက် ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်း သည် မရမ်းကုန်းမြို့နယ်ရေအလေအလွင့်လျှော့ချရေး၊ ရေသွယ်ရေးစနစ်တိုးတက်ကောင်းမွန်စေရေးနှင့် ရန်ကုန် စည်ပင်သာယာသို့ နည်းပညာများလက်ကမ်းပေးနိုင်ရေးတို့အတွက် ရည်ရွယ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၃၁)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၃၁)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၅)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
|
|
|
|
|