
ဂျပန်ပွဲတော် ၂၀၁၅ ကျင်းပခြင်း
![]() |
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းများ အသင်း၊ ရန်ကုန် ဂျပန်လူမျိုးအသင်း တို့ ၏ ပူးပေါင်းစီစဉ်ဖြင့် ဂျပန်ပွဲတော် ၂၀၁၅ ကို ကျင်းပပါမည်။ ပွဲတော်နေ့တွင် ပြင်ပရှိ စတိတ်စင်တွင် ကရာတေး သရုပ်ပြ ကစားမှု ၊ ကခုန်ခြင်းများ အပြင် ကာရာအိုကေ တေးသံသာပြိုင်ပွဲများကို ကျင်းပပြီး၊ အတွင်းပိုင်းတွင် ဂျပန်ယဉ်ကျေးမှု ရိုးရာဓလေ့ အမျိုးမျိုးကို လက်တွေ့  ခံစားနိုင်သော ကောင်တာများ (စက္ကူခေါက်ခြင်း၊ ဂျပန်ရိုးရာစာရေးနည်း ၊ ဂျပန်ရိုးရာ လက်ဖက်ရည် သုံးဆောင်ခြင်း ) ကို ခင်းကျင်း ပြသထားပါသည်။ ထို့ အပြင် အပြီးသတ် အနေနှင့် ကြွရောက်လာသူများ အားလုံးစုပေါင်းပြီး ဂျပန်ရိုးရာ အကတစ်မျိုးဖြစ်သည့် Bon odori အကကို ကကြမည် ဖြစ်ပါသည်။ ပွဲကျင်းပရာ နေရာတွင် ရန်ကုန်ရှိ ဂျပန် စားသောက်ဆိုင်များ နှင့် ဂျပန် လုပ်ငန်းများမှ ပြခန်းငယ်များ ခင်းကျင်းပြီး စားစရာများ၊ ကုန်ပစ္စည်းများကို ရောင်းချသွားမည် ဖြစ်ပါသည်။ ၀င်ကြေး အခမဲ့ဖြစ်ပြီး ၊ ပျော်ရွှင် စိတ်လှုပ်ရှားဖွယ်ရာ ကံစမ်းမဲ အစီအစဉ်များစွာ ကိုလည်း ပြင်ဆင် ထားပါသည်။ မိသားစု၊ သူငယ်ချင်းများကို ဖိတ်ခေါ်ပြီး၊ ဆက်ဆက် လာရောက် ကြည့်ရှုအားပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။ |
အချိန် | ၁၂ ရက် ၊ ဒီဇင်ဘာလ ၂၀၁၅ (စနေနေ့ ) နေ့ လယ် ၂နာရီတွင် ပွဲစတင်ပြီး ၊ ည ၈နာရီခန့်  အထိ ကျင်းပရန် ရည်ရွယ်ထားပါသည်။ |
နေရာ | မြရိပ်ညို Royal ဟိုတယ် အမှတ် ၂၀ ပုလဲလမ်း၊ ဗဟန်းမြို့ နယ် ဖုန်း ၀၁ ၅၄၈၃၁၀ ~ ၅၄၈၃၁၇ |
ပွဲစီစဉ်ကျင်းပသူ | မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းများအသင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ရန်ကုန် ဂျပန်လူမျိုးအသင်း တို့ မှ စီစဉ်ကျင်းပသည်။ |
ပွဲကျင်းပမည့်နေ့  အစီအစဉ် | အသေးစိတ် အချက်အလက်များကို ပိုမိုသိရှိလိုပါက ဂျပန်သံရုံး (မြန်မာ) ၏ ဂျပန်ပွဲတော် facebook စာမျက်နှာ ကို Like လုပ်ထားပြီး သိရှိနိုင်မှာဖြစ်ပါသည်။ |
စုံစမ်းမေးမြန်းရန် | MAJA (မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းများအသင်း) ဖုန်း ၀၉၈၆၁၂၁၅၁ ၊ ၀၉၈၆၁၃၈၄၈ |