ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်တွင် အမေရိကန်ဒေါ်လာ(၁၂၇,၁၄၂)တန်ဖိုးရှိ စာသင်ကျောင်းဆောင်ထောက်ပံ့ကူညီခြင်း
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် အမေရိကန်ဒေါ်လာ(၁၂၇,၁၄၂)ကို ပေးအပ်ခဲ့ပါသည်။

အထက်ပါစီမံကိန်း၏လွှဲပြောင်းပွဲအခမ်းအနားကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ နယ်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ
ဒုတိယအတွင်းဝန် Mr. Taro WATANABE၊ (ရှမ်းပြည်နယ်)အင်းတိုင်းရင်းသားရေးရာဝန်ကြီးဦးဝင်းမြင့်၊ တောင်ကြီးခရိုင်ပညာရေးမှူးဦးအုန်း ကျော်သန်း၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

ညောင်ရွှေအမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူများသည် ကျဉ်းကျပ်သောစာသင်ခန်းများ အတွင်းစာသင်ကြားခဲ့ကြပါသည်။ စာသင်ခန်းတစ်ခန်းတွင် ကျောင်းသား/သူ (၆၀)ဦးခန့်ရှိပါသည်။ ဤကဲ့သို့သော အခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကျောင်းသုံးပရိဘောဂ အပြည့်အစုံနှင့်စာသင်ခန်း(၆)ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်ကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ(၃၉၀)ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၃၄)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၃၃)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၆)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။