
မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. Tateshi HIGUCHI နှင့် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းများမှ ကော်မတီဥက္ကဌများသည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့လက်မှတ်ရေးထိုးကြပါသည်။ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ် အရ စုစုပေါင်းအမေရိကန်ဒေါ်လာ(၄၇၂,၅၂၁)ကို လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ် ပေးအပ်ခဲ့ ရာ အဆိုပါစီမံကိန်းများမှာ-
၁. မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးအရိုးအထူးကုဆေးရုံတွင် ခြေတုလက်တုအဆောက် အအုံတည်ဆောက်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၉၈,၂၅၂)၊၂. မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာ မူလတန်းလွန်ကျောင်းဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၉၀,၁၀၄)
၃. ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မိုးမောက်အခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၁၅၀,၅၉၇) နှင့်
၎. ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်အခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၃၃,၅၆၈) တို့ဖြစ်ကြပါသည်။
မန္တလေးအရိုးအထူးကုဆေးရုံတွင် ခြေတုလက်တုအဆောက်အအုံမရှိသဖြင့်၊ ခြေလက်ဖြတ်ရသောလူနာများ လိုအပ် သောအထောက်အကူပြုပစ္စည်းများနှင့်သင့်တော်သောလေ့ကျင့်ခန်းများပြုလုပ်ရန်၊ ရန်ကုန်အရိုးအထူးကုဆေးရုံသို့ ပို့ဆောင်ရပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ ရေးအစီအစဉ်အရ မန္တလေးအရိုးအထူးကုဆေးရုံတွင်၊ ခြေတုလက်တုအဆောက်အအုံကို တည်ဆောက်ပေးမည်ဖြစ် ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းတွင် စာသင် ကျောင်းအဆောက်အအုံမရှိပါ။ ကျောင်းသား/သူများသည် ဘုန်းကြီးကျောင်းအဆောက်အအုံနှင့်သိမ်များတွင် စာသင်ကြားရပါသည်။ ဘာသာရေးအခမ်းအနားများရှိသောအခါများတွင် ကျောင်းသားကလေးများစာမသင်ကြား ရပါ။ ကျောင်းသား/သူများသည် တခါတရံသစ်ပင်ကြီးများအောက်တွင် စာသင်ကြားရပါသည်။ ဤကဲ့သို့သော အခြေအနေတွင် ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၆) ခန်းပါဝင်သောသံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ တံစက်မြိတ်အောက်လျှောက်လမ်းနှင့်ရေစီး မြောင်း၊ ကျောင်းသုံးပရိဘောဂအစုံအလင်နှင့်အိမ်သာ(၅)လုံးတို့ကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းကြောင့် ကျောင်းသား/သူ(၄၅၆)ဦး အကျိုးခံစားမှုရရှိကြပါမည်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းတည်းသာရှိပါသည်။ မြို့ပေါ် နှင့်အနီးအနားကျေးရွာများမှကျောင်းသား/သူများသာမက၊ ပြည်တွင်းရွှေ့ပြောင်းသူများနေထိုင်ရာစခန်း(၉)ခုမှ ကျောင်းသား/သူများသည်လည်း ၎င်းစာသင်ကျောင်းကိုအားကိုးအားထားပြုနေရပါသည်။ လက်ရှိအဆောက်အအုံ များသည် တိုးပွားလာသောကျောင်းသား/သူများအတွက် လုံလောက်မှုမရှိပါ။ ကျောင်းသား/သူများသည် အလွန်ကျဉ်းကျပ်စွာစာသင်ကြားခဲ့ကြရပြီး၊ စာသင်ခန်းတစ်ခန်းတွင် ကျောင်းသား/သူ ၆၄ဦးမှ ၉၀ဦးအထိရှိပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၈)ခန်းပါဝင်သောသံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ တံစက်မြိတ်အောက်လျှောက်လမ်း နှင့်ရေစီးမြောင်း၊ ကျောင်းသုံးပရိဘောဂအစုံအလင်တို့ကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းကြောင့် ကျောင်းသား /သူ(၁,၈၄၈)ဦး အကျိုးခံစားမှုရရှိကြပါမည်။
ကွင်းကောက်အခြေခံပညာအထက်တန်းကျောင်းသည် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေး ရွာတွင် တည်ရှိပါသည်။ ကျောင်းဝင်းအတွင်းကျောင်းအဆောက်အအုံ(၅)ဆောက်ရှိသည့်အနက်၊ တစ်ဆောင်မှာ ပျက်စီးယိုယွင်းနေပါသည်။ လက်ရှိအဆောက်အအုံများသည် တိုးပွားလာသောကျောင်းသားဦးရေအတွက် လုံလောက်မှုမရှိပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ ရေးအစီအစဉ်အရ စာသင်ခန်း(၈)ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ကျောင်းသုံးပရိ ဘောဂအပြည့်အစုံ၊ တံစက်မြိတ်အောက်လျှောက်လမ်းနှင့်ရေစီးမြောင်း၊ အိမ်သာ(၆)လုံးတို့ကို ပံ့ပိုးပေးမည်ဖြစ်ပါ သည်။ စီမံကိန်းကြောင့် ကျောင်း သား/သူ(၁,၇၂၇)ဦး အကျိုးခံစားမှုရရှိကြပါမည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၃၈)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၃၆)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၃)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၆)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိဂျပန်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |
![]() |