ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ပဲခူး၊ မကွေးနှင့်စစ်ကိုင်းတိုင်းဒေသကြီးများတွင် အမေရိကန်ဒေါ်လာ (၃၈၃,၄၅၇)တန်ဖိုးရှိသော ရေကြီးမှုဒဏ်ခံခဲ့ရသောစာသင်ကျောင်းငါးဆောင်ထောက်ပံ့မှု
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ(၁၈) ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံရုံးမှ သံမှူးကြီး Mr. Ichiro MARUYAMA နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးများမှ ကော်မတီဥက္ကဌများသည် စီမံကိန်းငါးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့လက်မှတ် ရေးထိုးကြပါသည်။ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ(၃၈၃,၄၅၇)ကို လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ်ပေးအပ်ခဲ့ရာ အဆိုပါ စီမံကိန်းများမှာ-

၁. စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျောက်ကာကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၇၈,၃၈၀)၊
၂. မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဆည်တော်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၅၁,၂၀၁)၊
၃. ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ တော်လဿကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၉၈,၅၄၀)၊
၎. ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သရက်တောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၈၃,၇၉၃) နှင့်
၅. မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ထနောင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၇၁,၅၄၃) တို့ဖြစ်ကြပါသည်။

လွန်ခဲ့သောဇူလိုင်လ၊၂၀၁၅ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရေကြီး၊ရေလျှံမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့နယ်၊ ကျောက်ကာကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းဆောင်တစ်ဆောင်မှာ ရေနှင့်အတူမျှောပါသွားခဲ့ ပါသည်။ စာသင်ခန်းလုံလောက်မှုမရှိသဖြင့် ပညာရေးဝန်ကြီးဌာနမှအန္တရာယ်ဆောင်အဖြစ်သတ်မှတ်ထားသော ကျောင်းဆောင်တစ်ခုတွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ဒေသခံများပူးပေါင်းဆောက်လုပ်နေသော၊ ဆောက်လုပ်နေဆဲဖြစ်သော ကျောင်းဆောင်တစ်ခုတွင်လည်းကောင်း စာသင်ကြားနေကြပါသည်။ ဤကဲ့သို့သော အခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်းလေးခန်းပါဝင်သောသံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ် ဆောင်နှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံတို့ကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ စီမံကိန်းကြောင့် ကျောင်းသား/သူ ၁၆၄ ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။

လွန်ခဲ့သောဇူလိုင်လ၊၂၀၁၅ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရေကြီး၊ရေလျှံမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဆည်တော်ကျေးရွာအခြေခံပညာအလယ်တန်းလွန်ကျောင်းရှိ စာသင်ဆောင်တစ်ဆောင်မှာ ပြိုကျသွားခဲ့ပါသည်။ စာသင်ဆောင်လုံလောက်မှုမရှိသဖြင့် သူငယ်တန်းမှတတိယတန်းထိကျောင်းသား/သူများသည် အနီးအနားရှိ ဘုန်းတော်ကြီးကျောင်းဆောင်တွင် စာသင်ကြားနေကြပါသည်။ ဤကဲ့သို့သော အခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်းသုံးခန်းပါဝင်သောသံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ကျောင်းသုံးပရိဘောဂအပြည့် အစုံတို့ကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ စီမံကိန်းကြောင့် ကျောင်းသား/သူ ၂၀၃ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊တော်လဿကျေးရွာ၊အခြေခံပညာအလယ်တန်းကျောင်းတွင် စာသင်ခန်း လုံလောက်မှုမရှိပါ။ ယာယီအဆောက်အအုံတစ်လုံးကိုဆောက်လုပ်ခဲ့သော်လည်း၊ လွန်ခဲ့သောဇူလိုင်လ၊၂၀၁၅တွင် ဖြစ်ပွားခဲ့သောရေကြီး၊ရေလျှံမှုကြောင့် ပြိုကျသွားခဲ့ပါသည်။ ကျောင်းသုံးစာရေးစားပွဲနှင့်ထိုင်ခုံများမှာလည်း ရေထဲတွင်ကြာရှည်စွာထားရှိသောကြောင့် ဆွေးမြေ့ပျက်စီးလာပါသည်။ ထို့အပြင် လမ်းမှကျောင်းသို့သွားရန် ရေမြောင်းဖြတ်ပြီးဆက်သွယ်ထားသောဝါးတံတားမှာ ပျက်စီးသွားခဲ့ပါသည်။ ဤကဲ့သို့သော အခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်းငါးခန်းပါဝင်သောသံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ကျောင်းသုံး ပရိဘောဂအပြည့်အစုံနှင့် သံကူကွန်ကရစ်တံတားတစ်စင်းဆောက်လုပ်ရန် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ စီမံကိန်း ကြောင့်ကျောင်းသား/သူ ၃၆၉ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သရက်တောအခြေခံပညာအလယ်တန်းကျောင်းခွဲတွင် စာသင်ကျောင်းနှစ် ဆောင်ရှိပါသည်။ လွန်ခဲ့သောဇူလိုင်၊၂၀၁၅ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရေကြီး၊ရေလျှံမှုကြောင့် ကျောင်းဆောင်တစ် ဆောင်မှာ တစ်ဝက်ပျက်စီးသွားခဲ့ပါသည်။ ထိုအဆောင်မှကျောင်းသား/သူများသည် ကျန်ရှိသောအဆောင်များတွင် သွားရောက်ပူးပေါင်းစာသင်ရသဖြင့်၊ အလွန်ကျဉ်းကျပ်စွာစာသင်ကြားကြရပါသည်။ ရေကြီးမှုကြောင့် အိမ်သာလေး လုံးလည်း ပျက်စီးသွားခဲ့ရပါသည်။ ဤကဲ့သို့သော အခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရသည် စာသင်ခန်းလေးခန်းပါ ၀င်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံ၊ အိမ်သာနှင့် လျှောက်လမ်းကိုပါ ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ စီမံကိန်းကြောင့် ကျောင်းသား/သူ ၁၉၄ဦးကို အကျိုးခံစားမှုဖြစ်ပေါ် စေပါမည်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ထနောင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ အဆောက် အအုံများသည် တိုးပွားလာသောကျောင်းသား/သူများအတွက် စာသင်ခန်းလုံလောက်မှုမပေးနိုင်ပါ။ လွန်ခဲ့သော ဇူလိုင်၊၂၀၁၅ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရေကြီး၊ရေလျှံမှုကြောင့် စာသင်ကျောင်းတစ်ဆောင်မှာ ပျက်စီးသွားခဲ့ပါသည်။ ဤကဲ့သို့သော အခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရသည် စာသင်ခန်းလေးခန်းပါဝင်သောသံကူကွန်ကရစ်တစ်ထပ် စာသင်ဆောင်တစ်ဆောင်နှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံတို့ကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ စီမံကိန်း ကြောင့် ကျောင်းသား/သူ ၇၂၈ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၄၃)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၄၁)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၃)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၆)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။