
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် တနင်္သာတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ကွန်ကရစ်ဆိပ်ခံတံတားတစ်စင်းဆောက်လုပ် ခြင်းလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ(၂၂၈,၇၇၅)ကို ပေးအပ်ခဲ့ပါသည်။
အထက်ပါစီမံကိန်း၏လွှဲပြောင်းပွဲအခမ်းအနားကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်တွင် အောင်ဘာကျေးရွာ၊ ကော့ သောင်းမြို့နယ်၊ တနင်္သာတိုင်းဒေသကြီးတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှဒုတိယ အတွင်းဝန် Mr. Kazuyoshi SUZUKI ၊ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်သိန်း၊ ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ပတ်ဝန်းကျင်(၁၄)ရွာမှကျောင်းသူ၊ကျောင်းသားများသည် အောင်ဘာကျေးရွာဆိပ်ခံတံတားကိုဖြတ်ပြီး ကျေးရွာမှ တဆင့် ကျောင်းသို့သွားရပါသည်။ ထို့အပြင် ကျေးရွာသူ/သားများသည် လူနာများကိုဆေးရုံသို့ပို့ဆောင်ရန် သို့မဟုတ် ရောင်းချမည့်စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် အောင်ဘာဆိပ်ခံတံတားကို အသုံးပြုကြပါ သည်။ သို့သော်လည်း လက်ရှိဆိပ်ခံတံတားမှာဟောင်းနွမ်းနေပြီး၊ ဖြတ်သန်းသွားလာရန် အန္တရာယ်များနေခဲ့ပါသည်။ ထိုကဲ့သို့သောအခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရမှ အောင်ဘာကျေးရွာတွင် ၉၁ မီတာရှည်လျားသော ကွန်ကရစ်ရေဆင်းဆိပ်ခံတံတားတည်ဆောက်ပေးခဲ့ပါသည်။ အဆိုပါစီမံကိန်းသည် ၎င်းဒေသရှိ ဒေသခံ ၆,၁၈၃ ဦးကိုအကျိုးခံစားမှုဖြစ်ပေါ်စေမည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၃၄)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၃၃)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၆)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
|
|
|