
ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး၊ကျောင်းကုန်းမြို့နယ်နှင့်ဟင်္သာတမြို့နယ်များတွင် ဒေါ်လာ(၂၃၀,၉၈၁)တန်ဖိုးရှိ စာသင်ကျောင်းဆောင်သုံးဆောင်ထောက်ပံ့ကူညီခြင်း
၂၀၁၅ခုနှစ်၊ မေလ (၂၁) ရက်
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ အမေရိကန်ဒေါ်လာ (၂၃၀,၉၈၁) ကို လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ်ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-
၁။ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်းနှစ်ကျောင်းတွင် ကျောင်းဆောင်နှစ်ဆောင်ဆောက်လုပ်ခြင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၁၂,၈၅၉) နှင့်
၂။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ သမိုင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောက်လုပ်ခြင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၁၈,၁၂၂) တို့ဖြစ်ကြပါသည်။
အထက်ပါစီမံကိန်း၏ဖွင့်လှစ်ပွဲနှင့်လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၅ခုနှစ်၊မေလ(၂၁)ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဗြိုက်ကြီးကျေးရွာနှင့် ဟင်္သာတမြို့နယ်၊သမိုင်းကျေးရွာ၌ကျင်းပခဲ့ပါသည်။ အခမ်း အနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံရုံးမှဒုတိယအတွင်းဝန် Mr. Sachio OTAKI ၊တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌဒေါက်တာထိန်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းစိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါ်ခင်စောမူ၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။
ကျောင်းကုန်းမြို့နယ်၊ဗြိုက်ကြီးကျေးရွာနှင့်ဇီးငူကျေးရွာများရှိစာသင်ကျောင်းနှစ်ကျောင်းနှင့် ဟင်္သာတမြို့နယ်၊သမိုင်း ကျေးရွာရှိစာသင်ကျောင်းဆောင်များမှာ သက်တမ်းကြာမြင့်နေခဲ့ပြီးဖြစ်ပါသည်။ ခြများစားသောကြောင့်ခေါင်မိုး ဒိုင်းများ၊ တိုင်များနှင့်သစ်သားနံရံများမှာ ဆွေးမြေ့နေခဲ့ပါသည်။ ထို့ကြောင့်ကျောင်းသူ/သားများမှာ ယာယီဝါးတဲများ အောက်တွင်စာသင်ကြားခဲ့ကြရပါသည်။ ဤကဲ့သို့သောအခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရမှ၎င်း၏အသေးစား စီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ဗြိုက်ကြီးကျေးရွာနှင့်ဇီးငူကျေးရွာတို့တွင် စာသင်ခန်းခြောက်ခန်းပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်နှစ်ဆောင်၊ အိမ်သာနှင့်ကျောင်းသုံးပရိဘောဂအစုံအလင်၊ သမိုင်းကျေးရွာတွင် စာသင်ခန်းသုံးခန်းပါဝင်သောသံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်နှင့် ကျောင်းသုံးပရိဘောဂအစုံအလင်တို့ကို ပံ့ပိုးပေးခဲ့ပါသည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၂၆)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၂၈)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၃)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
|
|
|
|