
ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးနှင့်ရွှေကျင်မြို့နယ်များတွင် ဒေါ်လာ(၄၇၈,၀၈၈)တန်ဖိုးရှိ စာသင်ကျောင်းဆောင်သုံးဆောင်နှင့်ဆေးရုံသုံးပစ္စည်းများထောက်ပံ့ကူညီခြင်း
၂၀၁၅ခုနှစ်၊ ဇွန်လ (၅) ရက်
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ (၄၇၈,၀၈၈) ကိုပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-
၁) ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးဆေးရုံမြို့နယ်ရှိဆေးရုံသုံးခုအတွက် ဆေးရုံသုံးပစ္စည်းများပံ့ပိုးခြင်းစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၁၁၄,၅၄၈)၊
၂) ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မေတ္တာရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းဆောင်ဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၂၁,၈၅၄)၊
၃) ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ မဒေါက်ကလေးရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းဆောင်ဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၂၁,၉၃၇) နှင့်
၎) ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပွဲကုန်းရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းဆောင်ဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၁၉,၇၄၉) တို့ဖြစ်ကြပါသည်။
အထက်ပါစီမံကိန်းများ၏ဖွင့်လှစ်ပွဲနှင့်လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၅ခုနှစ်၊ဇွန်လ(၄)နှင့်(၅)ရက်တို့တွင် ပဲခူး တိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်များရှိ သက်ဆိုင်ရာနေရာအသီးသီး၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံရုံးမှတတိယအတွင်းဝန် Mr. Kota WATANABE၊ ပဲခူးတိုင်းဒေသကြီးနယ်စပ်ဒေသလုံခြုံရေးရာဝန်ကြီးဗိုလ်မှူးကြီးသက်ထွန်း၊ ပဲခူးတိုင်းဒေသကြီးကရင်တိုင်းရင်းသားရေး ရာဝန်ကြီးဦးစောဂျူဗလီစံလှ၊ ပဲခူးတိုင်းဒေသကြီးပညာရေးဒုတိယညွှန်ကြားရေးမှူးဒေါ်စိုးစိုးနွဲ့၊ ပဲခူးခရိုင်ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာဒေါ်ခင်စန်းမြင့်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။
ကျောက်ကြီးမြို့နယ်၊ မေတ္တာရပ်ကွက်၊ ရွှေကျင်မြို့နယ်၊ မဒေါက်ကလေးရပ်ကွက်နှင့်ပွဲကုန်းရပ်ကွက်များရှိကျောင်း အဆောက်အအုံများမှာသက်တမ်းလွန်နေခဲ့ပါသည်။ ထို့အပြင်စာသင်ခန်းများလုံလောက်မှုမရှိခဲ့သဖြင့်၊ ကျောင်းသား/ သူများမှာ ကျဉ်းကျပ်စွာစာသင်ကြားခဲ့ရပါသည်။ ဤကဲ့သို့သောအခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရမှ၎င်း၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကျောက်ကြီးမြို့၊ မေတ္တာရပ်ကွက်တွင်အိမ်သာ၊ကျောင်းသုံး ပရိဘောဂအစုံအလင်နှင့် စာသင်ခန်းရှစ်ခန်းပါဝင်သောသံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ရွှေကျင်မြို့၊ မဒေါက်ကလေးရပ်ကွက်တွင် အိမ်သာ၊ကျောင်းသုံးပရိဘောဂအစုံအလင်နှင့် စာသင်ခန်းငါးခန်းပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ရွှေကျင်မြို့၊ပွဲကုန်းရပ်ကွက်တွင် အိမ်သာ၊ကျောင်းသုံးပရိဘောဂ အစုံအလင်နှင့်စာသင်ခန်းရှစ်ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်တို့ကို ပံ့ပိုးပေးခဲ့ပါ သည်။ စီမံကိန်းများသည် ကျောင်းများရှိ ကျောင်းသူ/သား ၁,၁၁၃ ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
ကျောက်ကြီးမြို့နယ်ဆေးရုံ၊ နတ်သံကွင်းတိုက်နယ်ဆေးရုံနှင့် မုန်းတိုက်နယ်ဆေးရုံများတို့တွင် ဆေးရုံသုံးပစ္စည်းများ လုံလောက်မှုမရှိခဲ့သည့်အပြင်၊ အသုံးပြုနေခဲ့သောပစ္စည်းများမှာလည်းဟောင်းနွမ်းနေခဲ့ပါသည်။ ဤကဲ့သို့သော အခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရမှ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ဆေးရုံသုံးပစ္စည်း တစ်ဆယ့်ကိုးမျိုးကိုဆေးရုံတစ်ခုချင်းစီအတွက် ပံ့ပိုးပေးခဲ့ပါသည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၂၆)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၂၈)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၃)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
|
|
|
|