၁၆ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ
ပါဝင်ယှဉ်ပြိုင်မည့်သူများအားအကြောင်းကြားခြင်း


မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးသည် ၂၀၁၅ခုနှစ် သြဂုတ်လ ၂ ရက်နေ့ (တနင်္ဂနွေနေ့)တွင်ကျင်းပရန် စီစဉ်လျက် ရှိသော [၁၆ ကြိမ် မြောက်ဂျပန်ဘာသာစကားပြောပြိုင်ပွဲ] ကိုပါဝင်ယှဉ်ပြိုင်မည့်သူများကိုဖိတ်ခေါ်အပ်ပါသည်။
ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်လိုသူများသည် အောက်ပါနံပါတ် ၂ အချက်တွင်ဖော်ပြထားသည့်အတွင်း လျှောက်ထား နိုင်ပါသည်။ဂျပန်စာလေ့လာနေသူအများအပြား ဝင်ရောက်ယှဉ်ပြိုင်မည်ကို စောင့်မျှော်လျက်ရှိပါသည်။

၁။ [၁၆ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ] ကျင်းပမည့်အစီအစဉ်

(၁) နေ့ရက်နှင့်အချိန်
၂၀၁၅ခုနှစ်၊သြဂုတ်လ ၂ ရက်နေ့ (တနင်္ဂနွေနေ့)

(၂) ကျင်းပမည့်နေရာ
Taw Win Garden Hotel
(Taw Win Garden Ball Room, 8th Floor, No.45, Pyay Road, Dagon Township, 01 - 8600080,01 - 8600082)

(၃) ကျင်းပပြုလုပ်သည့်အဖွဲ့အစည်း
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

(၄) ပြိုင်ပွဲအတွက်အဓိကကူညီထောက်ပံ့သည့်အဖွဲ့အစည်း
ဂျပန်ဖောင်ဒေးရှင်း (Japan Foundation)

(၅) ပြိုင်ပွဲအတွက်ပူးတွဲကူညီထောက်ပံ့သည့်အဖွဲ့အစည်း
ဂျပန်ကုန်သည်များနှင့်စက်မှုလက်မှုအသင်း၊မြန်မာ(JCCM)၊ ရန်ကုန်ဂျပန်လူမျိုးအသင်း၊ မြန်မာ - ဂျပန်အသင်း

(၆) အခြား
ထိုနေ့ဆုပေးပွဲတွင် ယခုနှစ် မတ်လတွင်ကျင်းပခဲ့သည့် [၁၀ ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ] မှဆုရရှိသူများကိုလည်း တစ်ပြိုင်တည်းကြေညာပေးမည်ဖြစ်ပါသည်။

၂။ [၁၆ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ]ပြိုင်ပွဲလျှောက်ရမည့်နည်းလမ်း
(၁) လျှောက်လွှာတင်ရမည့်နေရာ

ပြိုင်ပွဲလျှောက်လွှာ ၊စကားပြောအကျဉ်းချုပ်(စာလုံးရေ ၄၀၀၀ခန့်၊ဂျပန်ဘာသာဖြင့်)၊ စကားပြောအသံသွင်း ထားသော တိပ် (သို့) စီဒီများကို အောက်ပါနေရာများသို့ လူကိုယ်တိုင်လာရောက်ခြင်းဖြင့်ဖြစ်စေ၊စာ တိုက်မှပို့ခြင်းဖြင့်ဖြစ်စေလျှောက်ထားနိုင်ပါသည် (စာတိုက်မှတစ်ဆင့်လျှောက်ထားမည်ဆိုပါကလျှောက် ထားသူသည် လျှောက်လွှာလက်ခံသည့်အောက်ပါအဖွဲ့အစည်းများထံရောက်၊မရောက်ကိုစုံစမ်းမေးမြန်း ရန်လိုအပ်ပါသည်)။

က။ ရန်ကုန်
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
လိပ်စာ။ ။ အခန်းအမှတ် ၇၀၇၊ ၇ လွှာ၊ အဆောင် စီ၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်
ဖုန်းနံပါတ်။ ။ ၀၉ - ၈၆၁၂၁၅၁၊ ၀၉ - ၈၆၁၃၈၄၈

ခ။ မန္တလေး
ဟီတိုစင်တာ
လိပ်စာ။ ။ လမ်း ၁၂ နှင့် လမ်း ၈၀ ထောင့်၊ မန္တလေး
ဖုန်းနံပါတ်။ ။ ၀၂ - ၃၁၇၆၂

(၂) လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့်အချိန်

၂၀၁၅ခုနှစ်၊ဇွန်လ ၁၅ရက်နေ့(တနင်္လာနေ့) မှ ဇူလိုင်လ ၃ရက်နေ့(သောကြာနေ့) ※ ဇူလိုင်လ ၁၀ရက်နေ့(သောကြာနေ့) အထိ ထပ်မံတိုးမြှင့်လိုက်ပါသည်။
နံနက် ၉နာရီမှ ညနေ ၄နာရီအထိ (တနင်္ဂနွေနေ့မှ သောကြာနေ့အထိ၊စနေနေ့ပိတ်သည်။)
(၃) ပြိုင်ပွဲဝင်စည်းကမ်းများ

က။ မြန်မာနိုင်ငံသားဖြစ်ရမည်
ခ။ အသက် ၁၆နှစ်မှ ၃၀နှစ်အတွင်းဖြစ်ရမည်
ဂ။ ဂျပန်စာပြဆရာ၊ဆရာမ မဖြစ်စေရ
ဃ။ ကျင်းပပြီးခဲ့သော ဂျပန်ဘာသာစကားပြောပြိုင်ပွဲများတွင်ဆုရရှိခဲ့သောသူမဖြစ်စေရ
င။ ဂျပန်နိုင်ငံတွင် ၆လထက်ပို၍နေဖူးသူမဖြစ်စေရ

၃။ အသေးစိတ်သိလိုပါက

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဖုန်းနံပါတ်။ ။ ၀၉ - ၈၆၁၂၁၅၁