
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အင်္ဂလိပ်စာတန်းထိုး ဂျပန်ရုပ်ရှင်ပြပွဲကို တင်ဆက်ပြသပါမည်။
ဒီတစ်ခါ ရုပ်ရှင်ပြပွဲသည် အမျိုးသမီးထုအတွက်ဖြစ်ပြီး အချစ်ဇာတ်လမ်းနှင့်ရယ်စရာဇာတ်မြူးများကို ရွေးချယ်ထားပါသည်။ အားလုံးပျော်ရွှင်ကြမည်ဟုမျှော်လင့်ပါသည်။
• ဝင်ကြေးအခမဲ့၊ ကြိုတင်စာရင်းပေးစရာမလိုပါ။
• နိုင်ငံသားစိစစ်ရေးကတ်ပြားကို သံရုံးဂိတ်တွင်ပြသရန် ယူဆောင်လာရပါမည်။
![]() |
![]() |
နေရာ ။ ။ Assembly Hall မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး (၁၀၀)၊ နတ်မောက်လမ်း၊ ဗဟန်း။
စှူဇုခိုအိ စကိကိုသည် ငွေကို အလွန် နှစ်သက်ပါသည်။ သူမအတွက် စိတ်လှူပ်ရှားစရာ ကောင်းသော ကျောင်းသူဘဝ စိတ်ကူးသည် ငွေပြည့်နေသော ဘဏ်စာအုပ်ကို ကြည့်နေရခြင်းဖြစ်သည်။ ဘွဲ့ရပြီးနောက် သူမသည် ငွေနှင့်နီးစေရန် ဘဏ်စာရေးအဖြစ် လုပ်ကိုင်ခဲ့သည်။ တစ်နေ့တွင် ဘဏ်ဓားပြများ၏ အဓမ္မခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီး ဖူဂျီတောင်အနီး အအိုးကိဂဟရတောနက်အတွင်း သံလိုက်အိမ်မြှောင် အမှန်မပြ၍ လမ်းပျောက်နေခဲ့သည်။ နေရာမှာတင် ယာဉ်တိုက်၍ မီးလောင်သောကြောင့် ဘဏ်ဓားပြများသေဆုံးပြီး စကိကို တစ်ဦးတည်း ရေတံခွန်နှင့် မြေအောက်ရေကန်တို့ကိုကျော်ဖြတ်ပြီး ငွေအပြည့်ပါသော လက်ဆွဲသတ္တောအိပ်ကို ရေဆီးနှင့်မျှောကာ ထွက်ပြေးခဲ့ရပါသည်။
အိမ်မှာပြန်ပြီးအားဖြည့်နေစဉ် အအိုးကိဂဟရသစ်တောအကြောင်း တီဘီအစီအစဉ်တွင် မြင်တွေ့လိုက်ရပြီး ပိုက်ဆံများပြန်ရရန်အတွက် ဘူမိဗေဒ လေ့လာဆန်းစစ်ရေးပညာရပ်ကို တမတက္ကသိုလ်တွင်သင်ကြားရန်နှင့် ရေကူးနည်းပါသင်ယူရန် ဆုံးဖြတ်ခဲ့သည်။ စကိကိုသည် သူမ၏ ပါမောက္ခ မိုရိတ၏ လက်ထောက်ဖြစ်သူ အိဒိုးဂဝအား အအိုးကိဂဟရတောနက်အတွင်းသို့ လှည့်စားခေါ်ဆောင်သွားခဲ့သည်။ အဲဒီမှာ သူမသည် မြေအောက်ရေအိုင်အား သင်ထာက်ကူပစ္စည်း ပျက်သွားသော်ပုံစံ ဖြင့် ရှာဖွေသည်။ နောက်ဆုံးတွင် သူမသည် ရေစီးသံကို ကြားရပြီး ရေအိုင်၏ အောက်ခြေတွင် လက်ဆွဲသေတ္တာအိတ်ကို တွေ့သွားသည်။
![]() |
![]() |
နေရာ ။ ။ Assembly Hall မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး (၁၀၀)၊ နတ်မောက်လမ်း၊ ဗဟန်း။
ဆူဇုမဲ၏ အမျိုးသားသည် နိုင်ငံခြားသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ပြီးကတည်းက သူမသည် အိမ်ရှင်မအဖြစ်ကို ငြီးငွေ့နေခဲ့ပါသည်။ သူမသည် သူ၏ချစ်လှစွာသော လိပ်ကလေးကို အစာကျွေးရသည့် အလုပ်ကို တာဝန်ယူရသူဖြစ်သည်။ ထို့ကြောင့် သူမ၏ဘဝသည် မပျော်ရွှင်ပဲ တဖြေးဖြေး အရည်ပျော်မတတ် ပျင်းရိလာသည်ဟု ခံစားနေရပါသည်။
ဆူဇုမဲသည် သူလျှိုအလိုရှိသည် ဟူသောကြော်ငြာသေးလေးကို သူမ၏ ခြေလှမ်းရှေ့တွင် တွေ့ပြီး သုံးရက်အကြာ ဖုန်းဆက်ပြီး တာဝန်ရှိသူနှင့် သွားတွေ့သည်။ ရှိဇုအိုနှင့် အစုကိုဆိုသော စုံတွဲကို အခြေအနေဆိုးသော တိုက်ခန်းထဲတွင် တွေ့ဆုံရသည်။ သူတို့သည် တကယ့်သူလျှိုများဖြစ်ပြီး ဆူဇုမဲလိုအိမ်ရှင်မတစ်ဦးသည် ထူးချွန်သော သူလျှိုတစ်ဦး ဖြစ်လာလိမ့်မည်ဟု မည်သူ တစ်ဦးတစ်ယောက်မှ သံသယဖြစ်လိမ့်မည်မဟုတ်ဟု ထင်ကြသည်။ ရှိဇုအိုနှင့် အစုကိုတို့သည် ဆူဇုမဲအား ယန်းသိန်း၅၀ကို လူနေမှုစရိတ် အဖြစ်ပေးပြီး သူလျှိုတို့၏ အတတ်ပညာများကို စတင် သင်ကြားပေးသည်။
ဆူဇုမဲသည် စွန်စားခန်းတစ်ရပ်ကို စတင်သည့်အနေဖြင့် သူမသည်ဘဝကိုပြန်လည်၍ စိတ်ဝင်စားလာပါသည်။ သူမသည်သူမ၏ အိမ်နီးချင်းများဖြစ်သော ခေါက်ဆွဲပြုတ်ဆိုင်ပိုင်ရှင်၊ တို့ဖူးဆိုင်ပိုင်ရှင်နှင့် ပန်းခြံထဲမှ အသက်ကြီးကြီးအမျိုးသမီးတို့သည် သူလျှိုများဖြစ်ကြောင်း သိရှိလာခဲ့သည်။ သူတို့အားလုံး သူလိုငါလိုဘဝကို အကာအကွယ်ယူပြီး နေထိုင်ကြသည်။
သူမ၏ ပတ်ဝန်းကျင်မှ လက်တွေ့ဘဝများကို သိရှိပြီးနောက် ဆူဇုမဲသည် မိမိကိုယ်မိမိ ယုံကြည်မှုပြန်လည်ရရှိလာခဲ့သည်။ နိုင်ငံ၏ထောက်လှမ်းရေးနှင့် တန်ပြန်ထောက်လှမ်းရေးဌာနမှ စတင် သံသယဝင်လာပြီး တန်ပြန်သူလျှိုလုပ်ငန်းများကို စတင်လုပ်ဆောင်လာခဲ့သည်။ ဆူဇုမဲသည် အရင်ဘဝကိုပြန်သွားရန် ထားခဲ့ခြင်းခံရသည်။ သို့သော်လည်း တစ်ခြားသောနည်းလမ်းဖြင့် သူမပြောင်းလဲခဲ့သည်။
စုံစမ်းရန်
ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
၁၀၀၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်
ဖုန်း ၀၁ ၅၄၉၆၄၄ ~ ၈