
“SPINNING YANGON”
J-pop Live နှင့် Cosplay ပွဲတော်
J-pop Live နှင့် Cosplay ပွဲတော်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဂျပန် ဖောင်ဒေးရှင်း နှင့်ပူးပေါင်းပြီး ၊ ဂျပန်မှ ဂီတပညာရှင် ၃ဖွဲ့ ကို ရန်ကုန်သို့ ဖိတ်ခေါ်ထားပြီး၊ တေးဂီတဖျော်ဖြေပွဲကို ကျင်းပပါမည်။
မြန်မာ ပရိသတ်၏ တခဲနက် အားပေးမှုကို ရရှိထားသော NARUTO ဇာတ်လမ်းတွဲများ (Naruto Shippuden ) အနက်မှ နောက်ခံသီချင်း “Spinning World” ကို သီဆိုသော Diana Garnet ၊ “Closer” ကို သီဆိုသော Joe Inoue နှင့် ဂျပန် Rock Band ဖြစ်သည့် The Beatmortors တို့  ရန်ကုန်သို့ လာရောက်ကြပါမည်။
ထို့ အပြင် ဖျော်ဖြေပွဲနှင့် လိုက်ဖက်ညီမည့် မြန်မာ Cosplayer များ စုဝေးကြမည့် Cosplay ပြိုင်ပွဲ နှင့် J – POP ကာရာအိုကေသီချင်းပြိုင်ပွဲ လည်း ကျင်းပမည် ဖြစ်ပါသည်။
ဝင်ကြေး အခမဲ့ ဖြစ်ပြီး၊ မည်သူမဆို လာရောက် ကြည့်ရှုနိုင်သောကြောင့်၊ မိသားစု ၊သူငယ်ချင်းများနှင့် လာရောက်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
အကြောင်းအရာ
(၁) Mini Live Show
နေ့ ရက် - မတ်လ ၁ရက်(အင်္ဂါ)
ညနေ၆နာရီမှ ၇နာရီအထိ
နေရာ - Junction Maw Tin, Promotion Area, Ground Floor
(၂) J-POP Live နှင့် Cosplay ပွဲတော်
နေ့ ရက် - မတ်လ ၂ရက်(ဗုဒ္ဓဟူး)
နေ့ လည်၁၂နာရီ တွင်ပွဲစတင်ပါမည်။
နေ့ လည်၂နာရီ မှ ၄နာရီအထိ Anime Song Karaoke Contest & Cosplay Contest
ညနေ၅နာရီ မှ၇နာရီအထိ J-POP Live
နေရာ - People’S Square Park, U Wisara Stage
ဖျော်ဖြေသူများ၏ ကိုယ်ရေးအကျဉ်း
Diana Garnet
![]() |
Anime စွဲလမ်း နှစ်ခြိုက်သော ဖခင်မှတဆင့် ငယ်ရွယ်စဉ်ကတည်းက ဂျပန် Anime များကို သိရှိကာ၊ စိတ်ပါဝင်စားခဲ့သည်။ Naomi Tamura သီဆိုသော “အလျှော့မပေးသော ဆန္ဒ” တေးသီချင်းကို စွဲလမ်းရာမှ အစပြုပြီး၊ ဂျပန်တွင် Major Debut ထွက်ရန် ရည်ရွယ်ခဲ့သည်။ ဂျပန်နိုင်ငံ တွင် အလယ်တန်းပြ ဆရာမ ၊ အင်္ဂလိပ်စာ သင်တန်းကျောင်း ဆရာမ အဖြစ် သင်ပြရင်း Major Debut ထွက်ရန် ကြိုးစားဆဲကာလ ၌ ၂၀၀၃ ခုနှစ်တွင်း ထုတ်လွှင့် ခဲ့သော ဂျပန်သီချင်းများ ကို ချစ်မြတ်နိုးသည့်၊ ကမ္ဘာနှင့်အ၀ှမ်းမှ ဂျပန်သီချင်းအဆို အကောင်းဆုံး နိုင်ငံခြားသားများ လာရောက် ယှဉ်ပြိုင်ခဲ့ကြသည့် (သီချင်းဆိုပြိုင်ပွဲ World 2013 နွေဦး) တွင် ဆုရရှိခဲ့ပြီး၊ဘ၀တွင် ကြီးမားသော အလှည့်အပြောင်း ဖြစ်လာခဲ့သည်။ | ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၃ရက်နေ့ တွင် “နောက်တစ်ကြိမ် မင်းကို ပြန်ချစ်မိသွားပြီ” ဆိုသောသီချင်းဖြင့် Major Debut ထွက်ရှိပြီး၊ နိုဝင်ဘာလ ၂၇ရက်နေ့ တွင် Cover Album (COVER☆GIRL) ကို ဖြန့် ချီခဲ့သည်။၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့ တွင် ပထမဦးဆုံး Original Single ဖြစ်သည့် Spinning World (NARUTO – Shippuden အပိတ်သီချင်း) နှင့် နိုဝင်ဘာလ ၂၅ရက်နေ့ တွင် NHK E-Tele Anime အစီအစဉ်တစ်ခုဖြစ်သည့် KZ’D (KZ’Deep File) ၏ Theme Song (အခက်အခဲ Mystery) ကို Second Single အဖြစ် ထုတ်ဝေခဲ့သည်။ |
Joe Inoue
![]() |
တေးရေးနှင့် တေးသွား ဖန်တီးသူ၊ တူရိယာ အစုံကို တီးခတ်နိုင်သူ၊ ထုတ်ဝေဖြန့် ချီသူ၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အဖြစ် အားလုံးကို တစ်ဦးတည်း ဆောင်ရွက်နိုင်သော Multi Creator ဖြစ်ပါသည်။ အမေရိကန် နိုင်ငံမြို့ တွင် ကြီးပြင်းခဲ့ပြီး၊ ဂျပန်နှင့် အမေရိကန် နှစ်နိုင်ငံ၏ ယဉ်ကျေးမှု နှစ်ရပ်လုံးကို သဘာဝကျကျ နားလည် လက်ခံထားပြီး၊ ရောစပ်နိုင်စွမ်း ပါရမီဓာတ်ခံကို ပိုင်ဆိုင်ထားပါသည်။ | ဂျပန် ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးပြီး၊ Manga မှ ဆင်းသက်သော ဂျပန်စာကို သင်ယူပြီး၊ လွတ်လပ်သော ခံစားချက်ဖြင့် ရပ်တည်ခဲ့သည်။ ရယ်စရာ ဟာသများ ၊ ပြက်လုံး အစီအစဉ်များကို နှစ်သက်ပြီး၊ Originality နှင့် ပြည့်နှက် နေသော မျှော်မှန်း မရနိုင်သော Pop World ၌ ထူးခြားသော အမြင်နှင့် စကားလုံးများကို လွတ်လွပ်စွာ ဖန်တီး ပေါက်ဖွား လေ့ရှိသည်။ Side Project တစ်ခု ဖြစ်သည့် TENGUBOY နှင့် လက်တွဲပြီး၊ နိုင်ငံရပ်ခြား ဖျော်ဖြေမှုများကို ကျင်းပခဲ့သည်။ လတ်တလောတွင် တစ်ကိုယ်တော် လှုပ်ရှားမှုများအပြင်၊ အခြားသော အနုပညာရှင်များအား တေးရေးနှင့် တေးသွား ဖန်တီးခြင်း၊ ထုတ်ဝေ ဖြန့် ချီပေးခြင်းများကို ဆောင်ရွက် ပေးလျှက်ရှိသည်။ |
THE BEATMOTORS
![]() |
Mr.Akiba Masashi (Vocal,Guitar), Mr.Kimura Tetsuro (Guitar), Mr.Johnny Yanagawa (Bass), Mr. Shikano Takahiro တို့ ဖြင့် ဖွဲ့ စည်းထားသော ၄ဦးပေါင်း Rock Band ဖြစ်ပါသည်။ Meiji တက္ကသိုလ် အသင်းအဖွဲ့ မှ အစပြု၊ ဆုံစည်းခဲ့ပြီး ဧပြီလ ၂၀၀၉ ခုနှစ်တွင် ပွဲဦးထွက် ဖျော်ဖြေခဲ့သည်။ ယခုအထိ Mini Album ၂ချပ် ထွက်ရှိ ထားပြီး၊ Full Album ၃၂ချပ်နှင့် Live Album ၁ချပ် ထုတ်ဝေထားပြီး ဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း ဖျော်ဖြေ ပွဲကြီးများ၊ လှည့်လည် ဖျော်ဖြေမှုများ ရှိပြီး သက်ဝင် လှုပ်ရှားမှု အပြည့် ရှိသော Live Band အဖြစ် ဆက်လက် ကြိုးစားလျှက် ရှိသည်။ |
(၃) စုံစမ်းရန်
ပြန်ကြာရေးနှင့် ယဉ်ကျေးမှုဌာန
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
၁၀၀၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်
ဖုန်း ၀၁ ၅၄၉၆၄၄ ~ ၈