
မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံရုံးမှသံမှူးကြီး Mr. Ichiro MARUYAMA နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးများ မှကော်မတီဥက္ကဌများသည် စီမံကိန်းငါးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့လက်မှတ် ရေးထိုးကြပါသည်။ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ(၅၅၆,၁၂၉)ကို လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ်ပေးအပ်ခဲ့ရာ အဆိုပါ စီမံကိန်းများမှာ-
၁. စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နန်းချောင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲ ဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၃၇,၉၈၄)၊၂. ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၉၄,၀၂၅)၊
၃. မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ပြင်သာအခြေခံပညာအလယ်တန်းကျောင်းခွဲဆောက်လုပ်ရေးစီမံ ကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၂၅,၈၂၅)၊
၎. စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ထိုမာကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၉၆,၆၁၅) နှင့်
၅. ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ချောင်းသုံးခွကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၀၁,၆၈၀) တို့ဖြစ်ကြပါသည်။
နန်းချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ စာသင်ဆောင်နှစ်ဆောင်သည် ၂၀၁၅ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သောရေဘေးဒဏ်ကိုခံခဲ့ရပါသည်။ ရေဘေးကြောင့် ကျောင်းအောက်ခြေနှင့်သစ်သားတိုင်များဆွေးမြေ့သွား ခဲ့ပြီး၊ ကျောင်းသုံးပရိဘောဂများ ပျက်စီးသွားခဲ့ပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင် ခန်း ၁၀ခန်းပါဝင်သောသံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၁၆၅ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။
ထန်းပင်ကုန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲတွင် စာသင်ဆောင်သုံးဆောင်ရှိပါသည်။ ၂၀၁၅ ဇူလိုင်လ တွင် ကျောင်းဝင်းအတွင်းရေ ၅.၅ပေထိ မြင့်တက်သွားခဲ့ပြီး၊ ကျောင်းဆောင်များနှင့်ပရိဘောဂများ ပျက်စီးသွားခဲ့ပါ သည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၆ခန်းပါဝင်သော သံကူကွန်ကရစ်တစ်ထပ် စာသင်ဆောင်တစ်ဆောင်၊ ကျောင်းသုံးပရိဘောဂအပြည့်အစုံနှင့် မိလ္လာခန်းများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၂၉၅ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။
ပြင်သာကျေးရွာ၊အခြေခံပညာအလယ်တန်းကျောင်းခွဲသည် မြစ်သာမြစ်ကမ်းဘေးတွင် တည်ရှိသဖြင့်၊ မြစ်ရေကြီးမှု ဒဏ်ကို နှစ်ပေါင်းများစွာခံစားခဲ့ရပါသည်။ ၂၀၁၅ဇူလိုင်လတွင်ဖြစ်ပွားခဲ့သော မြေပြိုမှုကြောငိ့၊ မူလနေရာနှင့် ဝေးကွာ သော မြေမြင့်နေရာသို့ရွှေ့ပြောင်းရပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၁၀ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်၊ ပရိဘောဂအပြည့်အစုံနှင့် မိလ္လာခန်းများကို ပံ့ပိုးပေးမည် ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၁၅၇ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။
ထိုမာကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲသည် ၂၀၁၅ဇူလိုင်လတွင်ဖြစ်ပွားခဲ့သော ရေဘေးကြောင့်ထိခိုက် မှုရှိခဲ့ပါသည်။ ရေဘေးကြောင့် ကျောင်းအောက်ခြေပိုင်းရေနှင့်မျောပါသွားပြီး၊ လက်ရှိပရိဘောဂများသည်လည်း ဆိုးရွားစွာပျက်စီးသွားခဲ့ပါသည်။ ဤကဲ့သို့သောအခြေအနေ တွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၆ခန်းပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ပရိဘောဂ နှင့် မိလ္လာခန်းများကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၇၈၁ဦးကို အကျိုးခံစားမှုဖြစ်ပေါ် စေမည်။
ချောင်းသုံးခွကျေးရွာ အခြေခံပညာမူလတန်းကျောင်းသည် သစ်သားဆောင်တစ်ဆောင်ရှိပြီး၊ ၂၀၁၅ဇူလိုင်လတွင် ဖြစ်ပွားခဲ့သောရေဘေးကြောင့် ကျောင်းမှာပျက်စီးသွားခဲ့ပြီး၊ ကျောင်းသား/သူများကို လုံခြုံမှုမပေးနိုင်ပါ။ ဤကဲ့သို့ သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၅ခန်းပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင် ဆောင် တစ်ဆောင်၊ ကျောင်းသုံးပရိဘောဂ၊ မိလ္လာခန်းနှင့်လျှောက်လမ်းကိုပါ ပံ့ပိုးပေးသွားမည်ဖြစ်သည်။ စီမံကိန်းသည် ကျောင်းသား/သူ ၁၉၃ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၆၀)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၅၆)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၅)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၆)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |
![]() |
![]() |