ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ မကွေး၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် စာသင်ကျောင်း ၅ ကျောင်းအတွက် အမေရိကန်ဒေါ်လာ (၄၂၅,၅၉၇)တန်ဖိုးရှိသော စာသင်ဆောင်များထောက်ပံ့မှု
၂၀၁၆ခုနှစ်၊ မတ်လ(၁၁) ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးများမှ ကော်မတီဥက္ကဌများသည် စီမံကိန်းငါးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့လက်မှတ် ရေးထိုးကြပါသည်။ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ(၄၂၅,၅၉၇)ကို လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ်ပေးအပ်ခဲ့ရာ အဆိုပါ စီမံကိန်းများမှာ-

၁. မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဘောင်ဘင်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၇၅,၅၄၆)၊
၂. ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ငါးပြေမကျေးရွာအခြေခံပညာအထက်တန်းကျောင်းဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၉၄,၉၃၇)၊
၃. ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းဆောက်လုပ်ရေးစီမံ ကိန်းအတွက် အမေရိကန်ဒေါ်လာ(၈၉,၈၃၅)၊
၎. စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မော်လိုက်ကလေးရွာသစ်အခြေခံပညာမူလတန်းလွန် ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၈၉,၆၁၅) နှင့်
၅. ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အောင်သုခကျေးရွာအခြေခံပညာမူလတန်းကျောင်းခွဲဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၇၅,၆၆၄) တို့ဖြစ်ကြပါသည်။

ဘောင်ဘင်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲတွင် စာသင်ဆောင်သုံးဆောင်ရှိပါသည်။ အဆောင် ၁ သည် နံရံတွင်အပေါက်များဖြစ်နေပြီး၊ တိုင်များမှာခြစားနေပါသည်။
အဆောင် ၃ရှိစာသင်ဆောင်များတွင် ကျဉ်းကျပ် စွာစာသင်ကြားနေကြပြီး၊ ကျောင်းဆောင်မှာ အရည်အသွေးမကောင်းသော သစ်နှင့်ဝါးများဖြင့် ဆောက်လုပ် ထားသဖြင့် ခိုင်ခံ့မှုမရှိတော့ပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၄ခန်း ပါဝင်သောသံကူကွန်ကရစ် တစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ကျောင်းသုံးပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်း များကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၃၂၂ဦးကို အကျိုးခံစားမှုဖြစ်ပေါ် စေမည်။

ငါးပြေမကျေးရွာအခြေခံပညာအထက်တန်းကျောင်းသည် ဒေသတ၀ိုက်တွင်တစ်ခုတည်းသောအထက်တန်း ကျောင်းဖြစ်ပြီး၊ ကျောင်းသား/သူဦးရေတဖြည်းဖြည်းတိုးပွားလာပါသည်။ သို့သော်လည်း ကျောင်းသားများအတွက် လုံလောက်သောအခန်းများမရှိပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၆ခန်းပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံကို ပံ့ပိုးပေးမည်ဖြစ်ပါ သည်။ စီမံကိန်းသည် ကျောင်းသား/သူ ၆၉၇ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။

တက်ဆွဲကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ၁၉၄၅ခုကဆောက်လုပ်ခဲ့သော အဆောင်တစ်ဆောင် တည်းရှိပြီး၊ ထိုအဆောင်မှာဟောင်းနွမ်း၊ဆွေးမြေ့နေပါသည်။ ဇူလိုင် ၂၀၁၅တွင်ဖြစ်ပွားခဲ့သောရေဘေးကြောင့် ကျောင်းဆောင်မှာပျက်စီးသွားခဲ့ပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၅ခန်းပါဝင် သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ပရိဘောဂအပြည့်အစုံနှင့်သန့်စင်ခန်းများကို ပံ့ပိုးပေး မည် ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၁၂၃ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။

ဇူလိုင် ၂၀၁၅တွင်ဖြစ်ပွားခဲ့သောရေဘေးကြောင့် မော်လိုက်ကလေးကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းရှိ တစ်ခုတည်းသောအဆောင်မှာပျက်စီးသွားခဲ့ပါသည်။ ထို့ကြောင့်ကျောင်းသား/သူများမှာ ဘုန်းကြီးကျောင်းတွင် ယာယီစာသင်ကြားနေရပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၅ခန်းပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ပရိဘောဂအပြည့်အစုံကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၁၇၆ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။

ဇူလိုင် ၂၀၁၅တွင်ဖြစ်ပွားခဲ့သောရေဘေးကြောင့် အောင်သုခကျေးရွာအခြေခံပညာမူလတန်းကျောင်းခွဲရှိ ၂၀၁၁ခုနှစ် ကဆောက်လုပ်ခဲ့သော စာသင်ဆောင်ပျက်စီးသွားခဲ့ပါသည်။ ကျောင်းဆောင်သည် ခိုင်မာမှုမရှိတော့ဘဲ၊ ပရိဘောဂများ လည်းရေနှင့်မျောပါသွားခဲ့သဖြင့် ကျောင်းပိတ်ထားရပါသည်။ ကျောင်းသား/သူများသည် အခြားကျေးရွာရှိစာသင် ကျောင်းများသို့ပြောင်းရွှေ့စာသင်ရပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၅ခန်း ပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံကို ပံ့ပိုးပေး သွားမည်ဖြစ်သည်။ စီမံကိန်းသည် ကျောင်းသား/သူ ၁၆၅ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၆၅)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၆၁)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၅)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၆)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။