
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၈၃၉,၃၂၁)ကို ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-
၁) ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်ခွဲ၊ မြကန်သာအခြေခံပညာမူလတန်းကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၂၂၁,၆၈၉)၊၂) ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဗန်းမော်ဆေးရုံသားဖွားနှင့်မီးယပ်ဆောင်ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၂၂၁,၇၃၇)၊ နှင့်
၃) ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၃၉၅,၈၉၅) တို့ဖြစ်ကြပါသည်။
အထက်ပါစီမံကိန်းများ၏ လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၆ခုနှစ်၊ မတ်လ(၅)နှင့်(၇)ရက်များတွင် ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်ခွဲနှင့်ဗန်းမော်မြို့နယ်များတွင်အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှဒုတိယအတွင်းဝန် Mr. Kazuyoshi SUZUKI ၊ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူးဦးစိန်မြင့်၊ မိုးညှင်း ခရိုင်အုပ်ချုပ်ရေးမှူးဦးဝင်းမောင်၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ဟိုပင်မြို့နယ်ခွဲရှိ မြကန်သာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် အသုံးပြုပြီးသားသစ်မာများဖြင့်ဆောက်လုပ်ထား သော စာသင်ဆောင်လေးဆောင်ရှိပါသည်။ အဆောင်များသည် ခိုင်ခံ့မှုမရှိသည့်အပြင်၊ ကျောင်းသားလေးများနှင့် ဆရာ/မများအသုံပြုရန် မသင့်တော်တော့ပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၁၀ခန်း ပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံကို ပံ့ပိုးပေး ခဲ့ပါသည်။ စီမံကိန်းကြောင့် ကျောင်းသား/သူ ၂၇၀ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသည် ၁၉၄၆တွင်ဆောက်လုပ်ခဲ့ပြီး၊ ဗန်းမော်မြို့နယ်တွင်ရှေးအကျဆုံး ကျောင်းဖြစ်ကာ ပတ်ဝန်းကျင်ရှိ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူများကမ့်ပ်ရှိ ကျောင်းသား/သူများ အားကိုးရာ ဖြစ်ပါသည်။ ကျောင်းတွင်စာသင်ဆောင်ရှစ်ဆောင်ရှိပြီး၊ ၎င်းတို့အနက်လေးဆောင်မှာဟောင်းနွမ်းဆွေးမြေ့နေပြီး အသုံးမပြုတော့ပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၁၀ခန်းပါဝင်သော သံကူကွန်ကရစ် နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ စာသင်ခန်း ၈ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၂၆၃၈ဦးကို အကျိုးခံစားမှု ဖြစ်ပေါ်စေပါမည်။
ဗန်းမော်ဆေးရုံသည် ဆေးကုသမှုမျိုးစုံကိုဆောင်ရွက်ပေးနေသော်လည်း၊ ကိုယ်ဝန်ဆောင်လူနာများအတွက် သီးသန့် ဆောင်မရှိသဖြင့်၊ ကုသမှုဆောင်ရွက်ပေးရန် နေရာအခက်အခဲနှင့်ရင်ဆိုင်နေရပါသည်။ ဤကဲ့သို့သောအခြေ အနေတွင်ဂျပန်နိုင်ငံအစိုးရမှ သားဖွားနှင့်မီးယပ်နှစ်ထပ်ဆောင်တစ်ဆောင်နှင့် ဆေးပစ္စည်းအပြည့်အစုံကို ပေးအပ်ခဲ့ပါ သည်။ စီမံကိန်းသည် ဒေသတွင်းလူဦးရေ ၁၁၈၄၇၀ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၆၀)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၅၆)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၅)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၆)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
|
|
|
|
|
![]() |