မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသ ကြီးများမှ ကော်မတီဥက္ကဌများသည် စီမံကိန်းငါးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့လက်မှတ်ရေးထိုးကြပါသည်။ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ် အရ စုစုပေါင်းအမေရိကန်ဒေါ်လာ(၇၃၉,၂၆၂)ကို လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ်ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-
၁. ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုမူလတန်းကြိုကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ (၉၄,၇၁၃)၊၂. ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်ဟဲကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၂၃၁,၀၇၇)၊
၃. ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ နှရိန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၂၀၄,၂၃၅)၊
၎. ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ သရက်ပင်ကွင်း-ကြို့ကုန်းလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၁၁,၁၇၈) နှင့်
၅. ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဖိုးဦးစိန်အခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၉၈,၀၅၉) တို့ဖြစ်ကြပါသည်။
အိန္ဒုကျေးရွာရှိလက်ရှိမူလတန်းကြိုကျောင်းဆောင်သည် ဟောင်းနွမ်းပြီး၊ သစ်သားတိုင်နှင့် အမိုးဒိုင်း၊ယက်မများ ခြစားနေပါသည်။ သွပ်မိုးများတွင်အပေါက်များဖြစ်ပေါ်နေပြီး၊ ကလေးများကိုမိုးစက်နှင့်လေဒဏ်များမှ မကာကွယ်ပေး နိုင်ပါ။ ထို့အပြင် ကလေး ၉၃ဦးအတွက် သန့်စင်ခန်းတစ်ခန်းတည်းသာရှိပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ သံကူကွန်ကရစ်နှစ်ထပ်တစ်ဆောင်၊ ပရိဘောဂများနှင့်သန့်စင်ခန်းများကို ပံ့ပိုးပေးမည်ဖြစ်ပါ သည်။ စီမံကိန်းသည် မူလတန်းကြိုကလေး ၉၃ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
ပင်ဟဲကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲရှိ စာသင်ဆောင်နှစ်ဆောင်သည်ဟောင်းနွမ်းနေပြီး၊ ကလေးများ အတွက်မလုံခြုံတော့ပါ။ မိုးရာသီတွင်မိုးယိုသဖြင့် စာသင်နေသောကလေးများမိုးစိုကြပါသည်။ ဤကဲ့သို့သော အခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၁၄ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ် ဆောင်၊ ပရိဘောဂနှင့် သန့်စင်ခန်းများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၆၀၃ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
နှရိန်ကျေးရွာအထက်တန်းကျောင်းသည် ပတ်ဝန်းကျင် ၉ ရွာတွင် တစ်ကျောင်းတည်းဖြစ်သဖြင့်၊ ကျောင်းသား/သူဦး ရေနှစ်စဉ်တိုးလာပါသည်။ ကလေးများအတွက် လုံလောက်သောအခန်းများမရှိသဖြင့်၊ ကျဉ်းကျပ်စွာစာသင်ကြားနေရ ပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၈ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ် စာသင်တစ်ဆောင်၊ ပရိဘောဂနှင့်သန့်စင်ခန်းများကို ပံ့ပိုပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၄၃၅ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။
သရက်ပင်ကွင်းနှင့်ကြို့ကုန်းရွာကိုဆက်သွယ်ပေးသောလမ်းသည် ကျောက်အခင်းမပါဘဲ၊ မြေသားလမ်းဖြစ်ပါသည်။ မိုးရွာသောအခါတွင် ရွှံ့ဗွက်ထူပြီး၊ ချော်သဖြင့် ကားနှင့်ထရပ်ကားများမဖြတ်သန်းနိုင်ပါ။ ကလေး၊ကျောင်းသား/သူ များနှင့် သက်ကြီးရွယ်အိုများ လမ်းလျှောက်သွားလာရန်အတွက်လည်း အန္တရာယ်များပါသည်။ စိုက်ပျိုးထွက်ကုန်များ နှင့်လူနာများကို အနီးဆုံးမြို့သို့ပို့ဆောင်ရန် ခက်ခဲပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ လူကူး တံတား ၁၄ခုအပါအ၀င်၊ ၅.၅ကီလိုမီတာရှည်သောလမ်းကို အဆင့်မြှင့်တင်ပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ဒေသ ခံ ၁၃,၈၁၈ဦး၏ ပညာရေး၊ကျန်းမာရေးနှင့်စီးပွားရေးပတ်ဝန်းကျင်ကို အဆင့်မြှင့်တင်ပေးနိုင်မည်။
ဖိုးဦးစိန်ကျေးရွာအခြေခံပညာအထက်ကျောင်းတွင် ကျောင်းသား/သူဦးရေနှစ်တိုင်းတိုးလာနေသော်လည်း၊ စာသင် ခန်းလုံလောက်မှုမရှိပါ။ စာသင်ခန်းတစ်ခန်းလျှင်ကျောင်းသား/သူ ၆၀ဦးကျော်စာသင်ကြားနေရသည့်အပြင် ကျောင်း သုံးပရိဘောဂများလည်းလုံလောက်မှုမရှိပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၆ခန်း ပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့်ပရိဘောဂများကို ပံ့ပိုးပေးမည်ဖြစ်သည်။ စီမံကိန်း သည် ကျောင်း သား/သူ ၇၅၄ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၇၀)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၆၅)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၅)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၇)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
|
|
|
|
|

No.100 Natmauk Road, Bahan Township, Yangon
01-549644~8