ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ချင်းပြည်နယ်၊ဟားခါးမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်များတွင် အမေရိကန်ဒေါ်လာ(၄၁၄,၅၇၁)တန်ဖိုးရှိ စာသင်ကျောင်းနှစ်ဆောင်ထောက်ပံ့ကူညီခြင်း
၂၀၁၆ခုနှစ်၊ မတ်လ(၁၉) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၄၁၄,၅၇၁)ကို ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-

၁) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချင်းဦးစီးအခြေခံပညာအလယ်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၂၉၈,၉၉၁) နှင့်
၂) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကံဦးအခြေခံပညာအလယ်တန်းကျောင်းခွဲဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၁၅,၅၈၀) တို့ဖြစ်ကြပါသည်။

အထက်ပါစီမံကိန်းများ၏ လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၆ခုနှစ်၊ မတ်လ(၁၈)နှင့်(၁၉)ရက်များတွင် ချင်း ပြည်နယ်၊ဟားခါးမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်များတွင် အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှဒုတိယအတွင်းဝန် Mr. Sachio OTAKI ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဌဦးဇိုဘွေး၊ ချင်းပြည်နယ်လူမှုရေးရာဝန်ကြီးဒေါက်တာဘမောင်၊ ချင်းပြည်နယ်စီးပွားရေး ၀န်ကြီးဦးရမ်မန်း၊ ချင်းပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဦးဗန်ထောင်း၊ ချင်းပြည်နယ်စည်ပင်သာယာရေး ၀န်ကြီးဦးနိန်းနိုင်၊ ချင်းပြည်နယ်နယ်လုံဝန်ကြီးဦးကျော်ကျော်၊ ချင်းပြည်နယ်သစ်တောဝန်ကြီးဦးကျော်နိန်း၊ စစ်ကိုင်း တိုင်းပညာရေးလက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သက်ထွေး၊ ကလေးခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ဦး၊ ကလေးခရိုင်ပညာရေးလက်ထောက်ညွှန်ကြားရေးမှူးဒေါ်သီသီ၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

ဟားခါးမြို့နယ်ဒေသတွင်းတွင် အခြေခံပညာအလယ်တန်းကျောင်းတစ်ကျောင်းတည်းသာရှိပါသည်။ ၂၀၁၃ခုနှစ်တွင် လက်ရှိကျောင်းဆောင်ကို ဖျက်သိမ်းပြီးနောက် ကျောင်းသား/သူများသည် အခြားကျောင်းများသို့သွားရောက်စာသင် ကြရပါသည်။ သန့်စင်ခန်းများမရှိသည့်အပြင်၊ ကျောင်းပရိဘောဂများလည်းဟောင်းနွမ်းခြစားနေပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၈ခန်းပါဝင်သောသံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင် တစ်ဆောင်၊ သန့်စင်ခန်းနှင့်ပရိဘောဂများကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ချင်းလူမျိုးကျောင်းသား/သူ ၆၀၄ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။

ကံဦးကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲတွင်စာသင်ဆောင်နှစ်ဆောင်ရှိပါသည်။ ယင်းအဆောင်နှစ်စောင်လုံးမှာ ကျောင်းသူကျောင်းသားများအတွက် လုံခြုံစိတ်ချရသော အခြေအနေတွင် မရှိတော့ပါ။ ဤကဲ့သို့ သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၅ခန်းပါဝင်သောသံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ် ဆောင်၊ သန့်စင်ခန်းနှင့်ပရိဘောဂများကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၂၇၀ဦးကို အကျိုးခံစားမှု ဖြစ်ပေါ်စေမည်။

ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၆၅)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၆၁)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၅)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၆)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။