ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၃၅၄,၉၅၈) ကို ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-
၁) မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ တကောင်းနက်ကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၇၁,၃၉၂)၂) မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ လေးအိမ်စုကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၇၀,၁၆၆)
၃) မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ကန်ပေါက်ကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၇၁,၁၁၇)
၎) မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ရေသောင်ကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၇၁,၆၁၇) နှင့်
၅) မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ယောလက်ပန်ကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၇၀,၆၆၆) တို့ဖြစ်ကြပါသည်။
အထက်ပါစီမံကိန်းများ၏ လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၆ခုနှစ်၊ ဧပြီလ(၃)၊(၄)၊(၅)နှင့်(၆)ရက်များတွင် မင်းတုန်းမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်နှင့် ဆောမြို့နယ်များတွင် အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှဒုတိယအတွင်းဝန် Mr. Hideaki HIGASHI၊ မင်းတုန်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်ဆန်းယု၊ မင်းတုန်းမြို့နယ် ဆရာဝန် ဒေါက်တာထွန်းလင်းအောင်၊ငဖဲမြို့နယ် ဆရာဝန် ဒေါက်တာ ဇော်အောင်၊ စေတုတ္တရာမြို့နယ် သူနာပြု(၁) ဆရာမ ဒေါ်အုန်းသိန်း၊ ယောလက်ပန် ကျေးရွာအုပ်ချုပ် ရေးမှူး ဦီးသိန်းထွန်း၊ ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
တကောင်းနက်ကျေးရွာကျေးလက်ကျန်းမာရေးဌာနသည် ပတ်ဝန်းကျင်(၁၃)ရွာမှဒေသခံများအတွက် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးနေပါသည်။ ၂၀၀၉ခုနှစ်တွင် ကိုယ်ထူကိုယ်ထပြန်လည်ဆောက်လုပ်ခဲ့သော သစ်သားဆောင်ကျန်းမာရေးဌာနသည်လည်း ဟောင်းနွမ်းနေပြီး၊ မိုးရွာသောအခါတွင်ကြမ်းခင်းများ ရေစိုပါသည်။ ထို့အပြင် လုံလောက်သောပရိဘောဂနှင့်ဆေးရုံသုံးပစ္စည်းများလည်းမရှိပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန် နိုင်ငံအစိုးရမှ သံကူကွန်ကရစ်တစ်ထပ်ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ဆောင်၊ ပရိဘောဂအပြည့်အစုံနှင့်ဆေးခန်း သုံးပစ္စည်းများကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျေးရွာ(၁၃)ရွာမှ ဒေသခံ ၃,၃၇၄ဦးကို အကျိုးခံစားမှု ဖြစ်ပေါ်စေမည်။
လေးအိမ်စုကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲမူလဆောင်ကို ၁၉၉၄ခုနှစ်တွင်ဆောက်လုပ်ခဲ့ပြီး၊ ခြစားနေသည့် အပြင် အမိုးတွင်အပေါက်များဖြစ်ပေါ်နေခဲ့ပါသည်။ ဌာနတွင်ဝန်ထမ်းအိမ်ရာမရှိသဖြင့်၊ ၀န်ထမ်များ ဆေးပေးခန်းများ တွင်း နေထိုင်နေရသည့်အပြင်၊ လုံလောက်သောဆေးခန်းသုံးပစ္စည်းများလည်းမရှိပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ သံကူကွန်ကရစ်တစ်ထပ်ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ဆောင်၊ ပရိဘောဂအပြည့်အစုံနှင့် ဆေးခန်းသုံးပစ္စည်းများကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျေးရွာ(၆)ရွာမှဒေသခံ ၂,၁၁၆ဦးကို အကျိုးခံစားမှု ဖြစ်ပေါ်စေမည်။
ကန်ပေါက်ကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲမူလဆောင်သည် ၁၉၈၉ခုနှစ်တွင် ကိုယ်ထူ ကိုယ်ထတည်ဆောက်ခဲ့ ပါသည်။ အဆောက်အဦးကို အရည်အသွေးညံ့သောသစ်များဖြင့် ဆောက်လုပ်ထားသဖြင့်၊ တိုင်များမှာခြစားနေသည့် အပြင်၊ လူနာများဆေးကုသခံရန်အဆောက်အဦးမှာကောင်းမွန်သောအခြေအနေ မရှိတော့ပါ။ ထို့အပြင်ဝန်ထမ်း အိမ်ယာသီးသန့်မရှိသဖြင့်၊ ၀န်ထမ်းများ ဆေးခန်းတွင် နေထိုင်ခဲ့ကြပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန် နိုင်ငံအစိုးရမှ သံကူကွန်ကရစ်တစ်ထပ်ကျေးလက်ကျန်းမာရေးခွဲတစ်ဆောင်၊ ပရိဘောဂ အပြည့်အစုံနှင့်ဆေးခန်းသုံး ပစ္စည်းများကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျေးရွာ(၇)ရွာမှဒေသခံ ၃,၀၁၁ဦးကို အကျိုးခံစားမှု ဖြစ်ပေါ်စေမည်။
ရေသောင်ကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲသည် ကိုယ်ပိုင်အဆောက်အဦးမရှိသဖြင့်၊ ပတ်ဝန်းကျင် ၄ရွာမှလူနာ များကိုဆေးကုသရန် လူနေအိမ်ကိုအသုံးပြုနေခဲ့ပါသည်။ ဆေးပေးခန်းတွင်သားဖွားဆရာမတစ်ဦးတာဝန်ထမ်းဆောင် နေသော်လည်း၊ သားဖွားခန်းမရှိသည့်အပြင်၊ လိုအပ်သောဆေးခန်းသုံးပစ္စည်းများလည်းမပြည့်စုံပါ။ ဤကဲ့သို့သော အခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ သံကူကွန်ကရစ်တစ်ထပ်ကျေးလက်ကျန်းမာရေးခွဲတစ်ဆောင်၊ ပရိဘောဂ အပြည့်အစုံနှင့်ဆေးခန်းသုံးပစ္စည်းများကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျေးရွာ(၄)ရွာမှ ဒေသခံ ၉၈၀ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။
ယောလက်ပန်ကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦးသည်ဟောင်းနွမ်းနေပြီး၊ သစ်သားတိုင်များတွင် အက်ကြောင်းများဖြစ်ပေါ်နေပါသည်။ ဌာနခွဲကိုမြေနိမ့်တွင်ဆောက်လုပ်ထားသဖြင့်၊ မိုးရာသီတွင်အဆောက်အဦးတွင်း ရေ၀င်သဖြင့်၊ လူနာများအတွက်ကျန်းမာရေးနှင့်မညီညွှတ်ပါ။ ဆေးပေးခန်းတွင်သားဖွားဆရာမတစ်ဦး တာဝန် ထမ်းဆောင်နေသော်လည်း၊ သားဖွားခန်းမရှိသည့်အပြင်၊ လိုအပ်သောဆေးခန်းသုံးပစ္စည်းများလည်းမရှိပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ သံကူကွန်ကရစ်တစ်ထပ်ကျေးလက်ကျန်းမာရေးခွဲတစ်ဆောင်၊ ပရိဘောဂ အပြည့်အစုံနှင့်ဆေးခန်းသုံးပစ္စည်းများကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျေးရွာ(၄)ရွာမှဒေသခံ ၉၁၅ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၇၄)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၆၇)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၅)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၈)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
|
|
|
|
|
|
|

No.100 Natmauk Road, Bahan Township, Yangon
01-549644~8