 
					မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဂျပန် ဖောင်ဒေးရှင်း ဘန်ကောက် ဂျပန်ယဉ်ကျေးမှုစင်တာ၊ အခြားသော အဖွဲ့ များနှင့် ပူးပေါင်းပြီး ၊ “အော်ဒါများနှင့် စားသောက်ဆိုင်” ပြဇာတ် ဖျော်ဖြေပွဲကို ကျင်းပပါမည်။
“အော်ဒါများနှင့် စားသောက်ဆိုင်” သည် Kenji Miyazawa ၏ ဒဏ္ဍာရီလာ ပုံပြင်များထဲမှ အထင်ရှားဆုံး တစ်ခုဖြစ်ပြီး၊ ယခုတစ်ကြိမ်တွင် လူသိများကျော်ကြားသော စတိတ်စင်ဒါရိုက်တာ Mr. Hiroshi Koike မှ ဇာတ်စင်ပိုင်းဆိုင်ရာ အနုပညာဖန်တီးမှု လက်ရာတစ်ခုအနေဖြင့် မြန်မာပရိသတ်များအား မိတ်ဆက် ပေးသွားမည် ဖြစ်သည်။ ဖျော်ဖြေသူ ၃ဦး၏ ကိုယ်ဟန်အမူအရာဖြင့် တင်ဆက်မှု ၊ ဇာတ်စင်မီးကစားမှု ၊ အသံပိုင်းဆိုင်ရာ တင်ဆက်မှု အစရှိသည် တို့ ဖြင့် ဖွဲ့ စည်းထားသော ပြဇာတ် ဖြစ်သည့်အတွက် ဂျပန်စကား နားမလည်သူများလည်း လွတ်လပ်စွာ လာရောက်ကြည့်ရှုနိုင်ပါသည်။ ၀င်ကြေး အခမဲ့ ဖြစ်ပြီး၊ မည်သူမဆို ကြည့်ရှုနိုင်သောကြောင့်၊ မိသားစု ၊သူငယ်ချင်းများနှင့် လာရောက်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
|  |  | 
|  |  | 
၁။ နေ့ ရက်၊အချိန်
ဇွန်လ ၂၃ရက်၊ ၂၀၁၆ခုနှစ် ( ကြာသပတေး )
ညနေ ၆နာရီတွင် ၀င်ခွင့်ပြုပြီး၊ ၆နာရီခွဲတွင် ဖျော်ဖြေပွဲ စတင်ပါမည်။
※၀င်ကြေး အခမဲ့ဖြစ်ပါသည်။
※ထိုင်ခုံအရေအတွက် ကန့်သတ်ချက်ရှိပါသောကြောင့် ဦးရာလူစနစ်ဖြင့် အားပေးကြရန် ဖြစ်ပါသည်။
၂။ နေရာ
ရန်ကုန် အမျိုးသားကဇာတ်ရုံ
၃။ စီစဉ်သောအဖွဲ့ အစည်း
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ Japan Foundation ဘန်ကောက် ဂျပန်ယဉ်ကျေးမှုစင်တာ၊ Hiroshi Koike Bridge Project နှင့် Sai Co., Ltd.
၎။ ပူးပေါင်းဆောင်ရွက်သော အဖွဲ့ အစည်း
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)
၅။ ဇာတ်လမ်းအကျဉ်း
ပြဇာတ်၏ ဇာတ်လမ်းအကျဉ်း နှင့် ပါဝင်ဖျော်ဖြေသူများ၏ အသေးစိတ် အချက်အလက်များကို “အော်ဒါများနှင့် စားသောက်ဆိုင်” ၏ Homepage ၌ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
၆။ စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန
အမှတ် (၁၀၀)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ်။ ။ ၀၁ - ၅၄၉၆၄၄ ~ ၄၈

 No.100 Natmauk Road, Bahan Township, Yangon
No.100 Natmauk Road, Bahan Township, Yangon
			 01-549644~8
01-549644~8