
Mr. Hiroshi Koike ၏ အကနှင့် ပြဇာတ်အလုပ်ရုံဆွေးနွေးပွဲ
ဂျပန်နိုင်ငံမှနာမည်ကြီး စာရေးဆရာ၊ ကကြိုးကကွက်ဖန်တီးသူ၊ ပြဇာတ်ဆရာ Mr. Hiroshi Koike သည် အကနှင့်ပြဇာတ် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပပြုလုပ်ပါမည်။ သူသည် ဇွန်လ ၂၃ ရက်နေ့၊ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် အော်ဒါများနှင့် စားသောက်ဆိုင် အမည်ရှိ အကနှင့်ပြဇာတ်ကို တင်ဆက်ပြသရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ရန်ကုန်နှင့် မန္တလေးမြို့ များတွင်လည်း အလုပ်ရုံဆွေးနွေးပွဲများကိုပါ တစ်ပါတည်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
“အလုပ်ရုံဆွေးနွေးပွဲ၏ အဓိကဆိုလိုရင်းမှာ မိမိခန္ဓာကိုယ်ကိုအသိအမှတ်ပြုလက်ခံနိုင်ခြင်း ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲ စတင်ဆွေးနွေးရာတွင် နှေးကွေးသောလှုပ်ရှားမှုများဖြင့် စတင်မည်ဖြစ်ပြီး၊ ခန္ဓာကိုယ်ကို မည်သို့ လှုပ်ရှား၊ နှိုးကြားစေခြင်းဖြင့် အိပ်ပျော်နေသော ရသခံစားနိုင်စွမ်းများကို အသိအမှတ်ပြုလက်ခံ လာအောင်ရှာဖွေခြင်းဖြစ်သည်။ ပထမပိုင်းပြီးနောက် ထူးခြားသော ပင်ကိုလက္ခဏာ ရှိသည့် ပါဝင်သူများ နှင့်သင့်တော်သလို ဆက်လက်၍ ကျင်းပပြုလုပ်သွားပါမည်။
နေ့ရက် နှင့် နေရာ(၁) ရန်ကုန်
၂၀၁၆ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှ ၂၂ရက်နေ့အထိ (၂ ရက်ခွဲ)
အမျိုးသားကဇာတ်ရုံ၊ ၊ရန်ကုန်မြို့ ။
(၂) မန္တလေးမြို့
၂၀၁၆ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ ၂၆ရက်နေ့အထိ (၂ ရက်)
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ မန္တလေးမြို့။
※ (မန္တလေးမြို့မှ တက္ကသိုလ်အထိ ကြိုပို့ရန် ကားများစီစဉ်ထားပါသည်။)
ပါဝင်ဆင်နွဲခ (ဝင်ကြေး)
အခမဲ့ဖြစ်ပါသည်။
![]() |
Mr. Hiroshi Koike အကြောင်း ဂျပန်နိုင်ငံ Ibaraki ခရိုင်၊ Hitachi မြို့တွင်မွေးဖွားကြီးပြင်းသည်။ တီဗွီဒါရိုက်တာအဖြစ် လုပ်ကိုင်ပြီးနောက် ၁၉၈၂ ခုနှစ်တွင် “Pappa TARAHUMARA” သုခုမအနုပညာကုမ္ပဏီတွင် စတင်လုပ်ကိုင်ခဲ့သည်။ ဇာတ်လမ်းတွဲ ၅၅ တွဲကိုစီစဉ်ညွှန်ကြားခဲ့ပြီး ကမ္ဘာအရပ်ရပ်မှ အနုပညာရှင် များနှင့် အလုပ်အတူတွဲလုပ်ကာ မြင့်မားသော ဂုဏ်သတင်းကို ထူထောင်နိုင်ခဲ့သူ ဖြစ်သည်။ အမျိုးမျိုးသော ကော်မတီများထဲတွင် အရေးကြီးသောရာထူးများဖြစ်သည့် အနုပညာအရည်အသွေး ကိုပြသော ဒါရိုက်တာအဖြစ် Tsukuba Cultural Foundation (၁၉၉၇-၂၀၀၅ ခုနှစ်)၊ ယဉ်ကျေးမှု မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်အဖြစ် Culture Promotion Committee of Aomori (၁၉၉၉ ခုနှစ်)၊ အာရှအနုပညာဒုတိယ ဥက္ကဋ္ဌအဖြစ် Chair of the Asian Performing Artists’ Forum in Okinawa (၂၀၀၀-၂၀၀၅ ခုနှစ်)၊ Japan Foundation (၂၀၀၄-၂၀၁၁ ခုနှစ်)၏ အဖွဲ့ဝင်အဖြစ် အထူးခန့်အပ်ခြင်းခံရသူဖြစ်ပါသည်။ သတင်းအပြည့်အစုံမှာ- http://kikh.com/english/index.html |
သတ်မှတ်ထားသောအရည်အချင်း
(၁) အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သောသူများပါဝင်ဆင်နွဲရန် ပြဇာတ်တစ်ပုဒ်ကို ဖန်တီးတင် ဆက်ပါမည်ဖြစ်ပါသောကြောင့် သတ်မှတ်ရက်များကို မပျက်မကွက်တက်ရောက်ရန် မေတ္တာရပ်ခံ အပ်ပါသည်။ (ရန်ကုန်မြို့တွင် ၂ ရက်ခွဲ နှင့် မန္တလေးမြို့တွင် ၂ ရက် ကျင်းပပါမည်။)
(၂) အက၊ သရုပ်ဆောင်၊ ပြဇာတ် အခြေခံပညာ မရှိသူများလည်း လျှောက်ထားနိုင်ပါသည်။
ဘယ်လိုလျှောက်ထားမလဲ
မိမိ၏ နာမည်၊ အသက်၊ ဖုန်း နှင့် အက၊ သရုပ်ဆောင်၊ ပြဇာတ် အခြေခံပညာ (ရှိလျှင်) တို့ကို info.cul@yn.mofa.go.jp သို့ အီးမေးဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်။ (လူဦးရေသတ်မှတ်ချက်ရှိပါသောကြောင့် ဦးရာလူ စနစ်ဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်။
စုံစမ်းရန်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ပြန်ကြာရေးနှင့် ယဉ်ကျေးမှုဌာန
အမှတ် ၁၀၀၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်။
ဖုန်း ၀၁ ၅၄၉၆၄၄ ~ ၈