မြန်မာ-ဂျပန်ကနဦးပူးပေါင်းဆောင်ရွက်မှု (အပိုင်း-ခ)
၂၀၁၆ခုနှစ်၊ ဇွန်လ (၁၃) ရက်

၁။ မြန်မာ-ဂျပန်ကနဦးပူးပေါင်းဆောင်ရွက်မှု (အပိုင်း-ခ) ပထမအကြိမ်အစည်းအဝေးကို ရန်ကုန် မြို့တွင် ယနေ့ကျင်းပခဲ့ရာ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ အစိုးရနှင့်ပုဂ္ဂလိကအခန်းကဏ္ဍများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Tateshi Higuchi တို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

၂။ ကနဦးပူးပေါင်းဆောင်ရွက်မှုစတင်သည့် ၂၀၁၃ခုနှစ်မှစတင်၍ မြန်မာ-ဂျပန်ကနဦးပူးပေါင်း ဆောင်ရွက်မှု (MJJI) သည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်တိုးတက်ဖွံ့ဖြိုးရေးကို ရှေးရှု သည့် ခိုင်မာသောဆောင်ရွက်ချက်များအတွက် နှစ်နိုင်ငံအစိုးရ-ပုဂ္ဂလိကကဏ္ဍမှ ပါဝင်သူများ အကြား ထူးခြားကောင်းမွန်သော တွေ့ဆုံဆွေးနွေးရေးဖိုရမ်အဖြစ် ရပ်တည်ခဲ့ပါသည်။ မြန်မာနိုင်ငံ အုပ်ချုပ်မှုစနစ်သစ်တည်ထောင်ပြီးနောက် ယနေ့တွင် MJJI သည် အပိုင်း-ခ အနေဖြင့် စာမျက်နှာ သစ်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

၃။ ယနေ့အထွေထွေအစည်းအဝေးတွင် တည်ငြိမ်စွာတိုးပွားလာသော ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို အမှီပြု၍ ပိုမိုရင်းနှီးမြှုပ်နှံလာကြစေရန်အတွက် မြင့်မားသော မျှော်မှန်းချက်များကို တင်ပြကြပါသည်။ တက်ရောက်သူများသည် ယခင်နှစ်များမှ ရလာဒ်များ နှင့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပြီး ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် အရေးပါသောကိစ္စရပ် (၅)ရပ်ဖြစ်သည့် ပြည်တွင်းစက်မှုလုပ်ငန်းများတိုးတက်မှုမြှင့်တင်ရေး၊ ကုန်သွယ်ရေးမူဝါဒ၊ ဘဏ္ဍာ ရေးနှင့်အာမခံ၊ အခွန်ရေးရာများ နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ကိစ္စရပ်တစ်ခုခြင်းစီအတွက် လုပ်ငန်းအုပ်စုများကို ဖွဲ့စည်းခြင်းဖြင့် ပိုမို နက်ရှိုင်းသောဆွှေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည်။

၎။ မြန်မာနိုင်ငံသည် ခိုင်မာသောစီးပွားရေးတိုးတက်မှု ရရှိလာမည်ဖြစ်ပါသည်။ သို့ရာတွင် နှစ်နိုင်ငံစလုံးအတွက် Win-Win လမ်းစဉ်ကို ဖေါ်ဆောင်နိုင်မည့် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု
ရေရှည်တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို မဆုတ်မနစ် ကြိုးစားလုပ်ဆောင်ရန်အရေးကြီးပေသည်။ ဂျပန်နိုင်ငံသည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ နှင့် ပုဂ္ဂလိကအခန်းကဏ္ဍများမှနေ၍ မြန်မာနိုင်ငံကို အထောက်အကူပြုပေးမည့်ဆိုသည့် ခိုင်မာသောကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး ၄င်းကတိကဝတ်ကို ယနေ့အစည်းအဝေး တွင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံခဲ့ကြပါသည်။