
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊
မင်းရွာအထက်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်း အတွက်အမေရိကန်ဒေါ်လာ(၉၉,၂၇၁)ကို ပေးအပ်ခဲ့ပါသည်။
အထက်ပါစီမံကိန်း၏ လွှဲပြောင်းပွဲအခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဇွန်လ(၁၆)ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင်ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ
ဂျပန်သံရုံးမှဒုတိယအတွင်းဝန် Mr. Hideaki HIGASHI၊ သနပ်ပင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဦး၊ ပဲခူးတိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်း၊ ကျောင်းဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ နှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
မင်းရွာအခြေခံပညာအထက်တန်းကျောင်းတွင် တိုးပွားလာသောကျောင်းသားများကိုနေရာချထားရန် လုံလောက် သော စာသင်ခန်းများမရှိပါ။ အချို့သောကျောင်းသား/သူများသည် ကျဉ်းကျပ်သော စာသင်ခန်းများအတွင်းတွင် စာသင်ရပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ် အရ စာသင်ခန်း (၄) ခန်းပါဝင်သောသံကူကွန်ကရစ် နှစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၈၁၃ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၇၄)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၆၇)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၆)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၈)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
|