ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေး အစီအစဉ်အရ ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အမေရိကန်ဒေါ်လာ(၃၂၇,၃၂၀)တန်ဖိုးရှိ စာသင်ကျောင်းတစ်ဆောင်ထောက်ပံ့ကူညီခြင်း
၂၀၁၆ခုနှစ်၊ ဇွန်လ (၁၇) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ချင်းပြည်နယ်၊ မင်းတပ်အခြေခံပညာအထက်တန်းကျောင်းခွဲဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ(၃၂၇,၃၂၀) ပံ့ပိုးပေးခဲ့ပါသည်။

အထက်ပါစီမံကိန်း၏ လွှဲပြောင်းပွဲအခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဇွန်လ(၁၇)ရက်တွင် ချင်းပြည်နယ်၊မင်းတပ်မြို့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှဒုတိယအတွင်းဝန် Mr. Masahiro FUJIKAWA၊ ချင်းပြည်နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးနေလင်းအောင်၊ မင်းတပ်မြို့နယ်ပညာရေးမှူးဦးအောင်ဇော်ဝင်း၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

မင်းတပ်အခြေခံပညာအထက်တန်းကျောင်းခွဲရှိကျောင်းသား/သူများသည် စာသင်ခန်းလုံလောက်မှုမရှိသဖြင့် အနီး အနားရှိအထက်တန်းကျောင်းတွင်စာသင်ကြားရန် တစ်နာရီကြာအောင်လမ်းလျှောက်သွားရပါသည်။ ဤကဲ့သို့သော အခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၁၀)ခန်း ပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ သန့်စင်ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံတို့ကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၈၉၈ ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၇၄)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၆၇)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၆)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၈)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။