ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အမေရိကန်ဒေါ်လာ(၁၀၂,၇၆၉)တန်ဖိုးရှိ စာသင်ကျောင်းတစ်ဆောင်ထောက်ပံ့ကူညီခြင်း
၂၀၁၆ခုနှစ်၊ ဇူလိုင်လ (၁) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူအခြေခံပညာအထက်တန်းကျောင်းဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၀၂,၇၆၉) ကို ပေးအပ်ခဲ့ပါသည်။

အထက်ပါစီမံကိန်း၏ လွှဲပြောင်းပွဲအခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ပွင့်ဖြူမြို့နယ်တွင် ကျင်းပခဲ့ ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှပထမအတွင်းဝန်
Mr. Naoya KISHI၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုးမြင့်၊ ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

ပွင့်ဖြူအခြေခံပညာအထက်တန်းကျောင်းတွင် တိုးလာသောကျောင်းသား/သူများအတွက် လုံလောက်သော စာသင် ခန်းများမရှိသည့်အပြင် အချို့မှာပြည့်ကျပ်နေသောစာသင်ခန်းများတွင် စာသင်နေရပါသည်။ ဤကဲ့သို့သော အခြေအနေတွင်ဂျပန်နိုင်ငံအစိုးရမှ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း ၆ ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင် တစ်ဆောင်နှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၁,၉၁၇ဦးကို အကျိုးခံစားစေမည်။

ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၇၄)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၆၇)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၆)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၈)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။