
ဂျပန် ယဉ်ကျေးမှုကိုလက်တွေ့ ခံစားနိုင်မည့် နေရာ ဖြစ်သည့်  JAPAN CULTURE HOUSE ကို ရန်ကုန်မြို့ တွင် သြဂုတ်လ ၃၁ရက်နေ့  (ဗုဒ္ဓဟူးနေ့ ) မှစ၍ ဖွင့်လှစ်လိုက်ပါပြီ

မြန်မာလူမျိုးများအား ဂျပန်နိုင်ငံအကြောင်း၊ ဂျပန်ယဉ်ကျေးမှုအကြောင်းကို ပိုမိုသိရှိစေပြီး၊ ဂျပန်နှင့် မြန်မာလူမျိုးများ အကြား ယဉ်ကျေးမှု၊အနုပညာနှင့် လူမှုရေးကို အပြန်အလှန်ဖလှယ်ပေးနိုင်မည့်  နေရာဖြစ်သည့်  JAPAN CULTURE HOUSE ကို ဖွင့်လှစ်လိုက်ပါပြီ။ ထို နေရာလေးတွင် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှု၊ လူမှုရေးကို မိတ်ဆက်ပေးသော စာပေများနှင့် ဂျပန်ကာတွန်းများ၊ နောက်ဆုံးပေါ် မဂ္ဂဇင်းများ၊ဂျပန်နှင့် ပတ်သက်၍ မြန်မာဘာသာနှင့် ရေးသားထားသော စာအုပ်များစွာလည်း ရှိပါသောကြောင့် ကြွရောက် ချီးမြှင့်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ ထို့ အပြင် ပုံမှန်ပြုလုပ် ကျင်းပသွားမည်ဖြစ်သော ဂျပန် ယဉ်ကျေးမှုမိတ်ဆက်ခြင်း ၊ ဂျပန်မြန်မာ ဖလှယ်မှုအခမ်းအနားများကို လည်း ကျင်းပသွားမည် ဖြစ်ပါသည်။
အသေးစိတ် အချက်အလက်များကို JAPAN CULTURE HOUSE၏ FACEBOOK Page တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
ထိုနေရာသည် JAPAN FOUNDATION ASIA CENTER က မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းများ အသင်းနှင့်အတူ ဖွင့်လှစ်ထားသော ယဉ်ကျေးမှုဖလှယ်ရာ နေရာ ဖြစ်ပါသည်။
ဖွင့်ပွဲအခမ်းအနား
(၁) နေ့ ရက်၊အချိန်
သြဂုတ်လ ၃၁ရက်နေ့  (ဗုဒ္ဓဟူးနေ့ ) ၁၀နာရီ ~
(၂) အစီအစဉ်
ပုံမှန်လုပ်ဆောင်သွားမည့် လှုပ်ရှားမှုများအပြင်၊ ဂျပန်လက်ဖက်ရည်ကြမ်းသုံးဆောင်ခြင်း ၊ ဂျပန်Yukata ၀တ်ဆင်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်းများကိုပါ ပြင်ဆင်ထားပါသည်။ အသေးစိတ် အချက်အလက်များကို JAPAN CULTURE HOUSE၏ FACEBOOK Page တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
နေရာ
(၁)လိပ်စာ
အခန်း ၃၂၂ ဘီ၊ ဒုတိယထပ်၊ တိုက်အမှတ် (စီ) ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့ နယ်၊ရန်ကုန်။
(၂)ဖွင့်လှစ်ချိန်
တနင်္ဂလာ မှ သောကြာ ( အင်္ဂါနေ့ မှအပ) မနက် ၁၀နာရီမှ ညနေ ၆နာရီခွဲအထိ
စနေ ၊တနင်္ဂနွေ မနက် ၉နာရီမှ ညနေ ၅နာရီခွဲအထိ
အင်္ဂါနှင့် အစိုးရရုံးပိတ်ရက်များ ၌ ဖွင့်လှစ်ခြင်းမရှိပါ။
စုံစမ်းမေးမြန်းရန်
ဖုန်း ၀၉ ၄၅၉၁၄၈၄၀၅
Email jch.yangon@gmail.com
Facebook https://www.facebook.com/jch.yangon/