
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရေဘေးဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများအတွက် ဂျပန်အစိုးရသည် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှတဆင့် ခြုံစောင်များနှင့် ပလတ်စတစ် သောက်ရေပုံးများ အစရှိသည့် အရေးပေါ်အကူအညီပစ္စည်းများကို သြဂုတ်လ၂၆ရက်နေ့ တွင် ထောက်ပံ့ လှူဒါန်းခဲ့ပါသည်။
ယခုအကြိမ် လှူဒါန်း ပေးပို့ သော ပစ္စည်းများတွင် သယ်ယူပို့ ဆောင် စရိတ် အပါအ၀င် စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ရှစ်သောင်းခန့် ရှိသော ခြုံစောင် အထည်၂၀၀၀၊ တာပေါ်လင်ခင်း ၁၀၀၊ ပလတ်စတစ် သောက်ရေပုံး ၁၀၀၆ပုံး အစရှိသည့် အရေးပေါ် အကူအညီပစ္စည်းများ ပါဝင်ခဲ့သည်။
ရန်ကုန်မြို့ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့သော အရေးပေါ်အကူအညီပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားတွင် ဂျပန်ဘက်မှ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သံမှူးကြီး Mr. Ichiro MARUYAMA၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ဒုတိယ ဌာနေ ကိုယ်စားလှယ် Mr.Akihito SANJO တို့ တက်ရောက်ခဲ့ကြပါသည်။
သံမှူးကြီး Mr.Ichiro MARUYAMAမှ “ယမန်နေ့ က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံ ဆွေးနွေးခဲ့သော ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ် ဖြစ်သူ Mr. Hiroto IZUMI မှလည်း ဂျပန်နိုင်ငံအနေနှင့် ရေဘေးသင့် ပြည်သူများအား အရေးပေါ် အကူအညီပစ္စည်းများ ထောက်ပံ့ လှူဒါန်းမည်ဟု ပြောကြားခဲ့ပါကြောင်း၊ ထို့ အပြင် ရေဘေးသင့် ပြည်သူများထံ ဤအရေးပေါ် အကူအညီပစ္စည်းများ အမြန်ဆုံး ရောက်ရှိသွားအောင် ပူးပေါင်း ကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း” ပြောကြားသွားခဲ့သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၏ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့် ခွဲမှုကော်မတီ ညွှန်ကြားရေးမှူး ဦးဝင်းရွှေ မှလည်း အရေးပေါ် အကူအညီ ပစ္စည်းများ ထောက်ပံ့လှူဒါန်းသည့် အတွက် မြန်မာအစိုးရနှင့် ပြည်သူလူထု ကိုယ်စား ကျေးဇူးတင် စကားပြောကြားခဲ့ပြီး ၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ ပါသည်။
မြန်မာနိုင်ငံတွင် ဇူလိုင်လဆန်းမှစ၍ မိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ(၉)ဦး သေဆုံးခဲ့ရပြီး၊ မြန်မာ ပြည်သူပြည်သား ခန့်မှန်းခြေ ၄၈၀၀၀၀မှာ သဘာဝဘေးဒုက္ခ များ ခံစားနေကြရပါသည်။
![]() |
|
![]() |