Japan Culture House ဖွင့်လှစ်ခြင်း
 ဂျပန်ယဉ်ကျေးမှုအကြောင်းကို ပိုမိုသိရှိစေပြီး ၊ လက်တွေ့ ခံစားနိုင်မည့် ဂျပန်နှင့် မြန်မာလူမျိုးများ အကြား ယဉ်ကျေးမှု၊အနုပညာနှင့် လူမှုရေးကို အပြန်အလှန်ဖလှယ်ပေးနိုင်မည့်  နေရာဖြစ်သည့်  JAPAN CULTURE HOUSE ကို သြဂုတ်လ ၈ရက်နေ့ က ပုလဲကွန်ဒို အတွင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲနေ့ တွင် စိတ်ပါဝင်စားသူ ၂၅၀ကျော် လာရောက်ခဲ့ကြပြီး၊ဂျပန် ကာတွန်းများ၊ မဂ္ဂဇင်းများကို ဖတ်ရှု ပြီးသော်လည်းကောင်း၊ ဂျပန်မြက်ဖျာပေါ်တွင် လက်ဖက်ရည်သုံးဆောင် ပြီးသော်လည်းကောင်း၊ ဂျပန်ရိုးရာ ၀တ်စုံထဲ၌ ပါဝင်သော Yukata ကို ၀တ်ဆင်ကာ အလှဓာတ်ပုံများရိုက်ပြီး သော်လည်းကောင်း ဂျပန်ယဉ်ကျေးမှုများကို ပျော်ရွှင်စွာ လက်တွေ့ ခံစားနိုင်ခဲ့ကြပါသည်။
နောက်ပိုင်းတွင်လည်း ယဉ်ကျေးမှုဖလှယ်သည့် အစီအစဉ်များကို ပုံမှန် လုပ်ဆောင် သွားမည်ဖြစ်သောကြောင့် လွတ်လပ်စွာ လာရောက် ကြည့်ရှုကြနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

နေရာ
(၁)လိပ်စာ
အခန်း ၃၂၂ ဘီ၊ ဒုတိယထပ်၊ တိုက်အမှတ် (စီ) ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့ နယ်၊ရန်ကုန်။
(၂)ဖွင့်လှစ်ချိန်
တနင်္ဂလာ မှ သောကြာ ( အင်္ဂါနေ့ မှအပ) မနက် ၁၀နာရီမှ ညနေ ၆နာရီခွဲအထိ
စနေ ၊တနင်္ဂနွေ မနက် ၉နာရီမှ ညနေ ၅နာရီခွဲအထိ
အင်္ဂါနှင့် အစိုးရရုံးပိတ်ရက်များ ၌ ဖွင့်လှစ်ခြင်းမရှိပါ။

စုံစမ်းမေးမြန်းရန်
ဖုန်း ၀၉ ၄၅၉၁၄၈၄၀၅
Email jch.yangon@gmail.com
Facebook https://www.facebook.com/jch.yangon/