
မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံရုံးမှသံအမတ်ကြီး Mr. Tateshi HIGUCHIနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကော်မတီဥက္ကဌများသည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့လက်မှတ်ရေးထိုးကြပါသည်။ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ် အရ စုစုပေါင်းအမေရိကန်ဒေါ်လာ(၄၁၃,၆၃၄)ကို လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ်ပေးအပ် ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-
၁. စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အမှတ်(၁၃)အလယ်တန်းကျောင်းခွဲဆောက် လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၁၁၆,၀၀၈)၊၂. ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တာငုတ်ကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၉၃,၇၉၁)၊
၃. မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဟံသာဝတီတိုက်သစ်ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၉၄,၃၇၅) နှင့်
၎. မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ (၁၀၉,၄၆၀) တို့ဖြစ်ကြပါသည်။
ကလေးမြို့အမှတ်(၁၃)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် စာသင်ကျောင်းဆောင်သုံးဆောင်ရှိပါသည်။ တိုးပွားလာသောကျောင်းသား/သူများအတွက် စာသင်ခန်းမလုံလောက်သဖြင့် ကျောင်းသားအပ်နှံမှုကိုကန့်သတ် ထားရပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်းငါးခန်းပါဝင်သောသံကူကွန်ကရစ် တစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ကျောင်းသုံးပရိဘောဂအစုံအလင်နှင့် အိမ်သာများကို ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ စီမံကိန်းကြောင့် ကျောင်းသား/သူ ၁,၃၂၁ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
ဇူလိုင်လ၊၂၀၁၅ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရေကြီး၊ရေလျှံမှုကြောင့် တာငုတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ တစ်ခုတည်းသော စာသင်ဆောင်မှာ ပျက်စီးသွားခဲ့ပါသည်။ ကျောင်းသား/သူများသည် အနီးအနားရှိ ဘုန်းကြီးကျောင်းတွင်ယာယီစာသင်ကြားနေကြပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်းငါးခန်းပါဝင်သောသံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ကျောင်းသုံးပရိဘောဂအပြည့်အစုံ၊ လျှောက်လမ်းနှင့် အိမ်သာများကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ စီမံကိန်းကြောင့် ကျောင်းသား/သူ ၈၄ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
ဟံသာဝတီတိုက်သစ်ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းတွင် စာသင်ကျောင်းဆောင်တစ်ဆောင်တည်းရှိ သဖြင့်၊ ကျောင်းသား/သူများသည် ဘုန်းကြီးကျောင်းဆောင်များအတွင်း စာသင်ကြားခဲ့ရပါသည်။ ဤကဲ့သို့သော အခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်းခြောက်ခန်းပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင် တစ်ဆောင်၊ ကျောင်းသုံးပရိဘောဂအပြည့်အစုံနှင့် အိမ်သာများကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ စီမံကိန်းကြောင့် ကျောင်းသား/သူ ၄၃၅ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
ဆင်အင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/သူများ အတွက်စာသင်ခန်းလုံလောက်မှုမရှိ သဖြင့် တတိယတန်းနှင့်စတုတ္ထတန်းကျောင်းသား/သူများသည် ဟောင်းနွမ်းပြီး၊ ကလေးများအတွက်အန္တရာယ် ရှိသောကျောင်းဆောင်တွင် စာသင်ကြားနေကြပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်းရှစ်ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ကျောင်းသုံးပရိဘောဂအပြည့် အစုံနှင့် အိမ်သာများကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ စီမံကိန်းကြောင့် ကျောင်းသား/သူ ၄၄၃ဦးကို အကျိုးခံစားမှု ဖြစ်ပေါ်စေပါမည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၄၇)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၄၅)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၃)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၆)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |
![]() |