ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ ကမ်းရိုးတန်း သင်္ဘောများ ပေးအပ်ခြင်း
၂၀၁၆ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E ဦးမောင်မောင်ဝင်းတို့သည် နေပြည်တော်တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့၌ ဂျပန်ယန်း ၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅ သန်းခန့်) တန်ဖိုးရှိ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု စီမံကိန်းဆိုင်ရာ တရားဝင်အထောက်အပံ့ ပေးအပ်သည့် စာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ဤစီမံကိန်းသည် ရခိုင်ပြည်နယ် ရေကြောင်းပို့ဆောင်ရေးအတွက် ခရီးသည်တင်သင်္ဘောများ ပေးအပ်လှုဒါန်းခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ရေကြောင်းပို့ဆောင်ရေး စွမ်းရည်မြှင့်တင်ရေးနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ရည်ရွယ်ပါသည် ။